ကျွန်တော်တို့ ကိုယ်ရံတော်နှစ်ယောက်အတွက် အိမ်ရှေ့စံရဲ့ အဆောင်တော်ထဲတွင် အခန်းနှစ်ခန်း စီစဉ်ပေးထားတာမို့ အခန်းရွေးဖို့ ဝေ့ရင်းကို ရပ်စောင့်နေလိုက်ရသည်။အိမ်ရှေ့စံ၏ အဆောင်က ကြာပန်းတွေနဲ့ ဝန်းရံထားတယ်။ ဝင်ပေါက်ကနေ ဝင်ဝင်ချင်းပင် ကြာကန်ကို အရင်လှမ်းမြင်ရပေသည်။ ကြာကန်ကို ဖြတ်ပြီးလျှင် အိမ်ရှေ့စံရဲ့ အဆောင်ကို ရောက်နိုင်ပြီး ကျွန်တော်တို့အတွက် အခန်းက အိမ်ရှေ့စံရဲ့ အဆောင်နဲ့ သိပ်မကွာသော အခန်းငယ်တစ်ခုရယ်. . .နောက်တစ်ခန်းက အဆောင်ဝင်ပေါက်နားမှာရယ်။
လူမဟုတ်သော ကျွန်တော့်အတွက် အခန်းက အရမ်းအရေးမကြီးသော်လည်း ဟိုလူသားကောင်လေးအတွက်တော့ အရေးကြီးမည်ဟု ထင်မိတာမို့ သူ့ကို ဦးစားပေး ရွေးချယ်စေဖို့ စောင့်နေရင်း ကြာကန်နား ရပ်ကြည့်နေလိုက်တော့သည်။
"ဟက်...အရှင့်သားက အခုထက်ထိ ကြာပန်းတွေကို သဘောကျနေတုန်းပဲကိုး..."
ကြာကန်ကို ငေးနေစဉ် ဝင်ပေါက်ကနေ လှမ်းဝင်လာတဲ့ ဝေ့ရင်းကို တွေ့လိုက်တာမို့ သူ့နားလျှောက်သွားလိုက်တော့သည်။
"ငါ မင်းကို စောင့်နေတာ..."
"ဘာလို့လဲ..."
"တစ်ခန်းရွေး...ဘယ်အခန်းလိုချင်လဲ..."
ပိုင်ဟု ညွှန်ပြနေတဲ့ အခန်းနှစ်ခန်းကို ကြည့်လိုက်ပြီး တံခါးနားက အခန်းကိုသာ ရွေးလိုက်တော့သည်။ ဒီအခန်းက အရှင့်သားရဲ့ အခန်းနဲ့ လှမ်းသလို...ကြာပန်းတွေနဲ့လည်း ဝေးတယ်။
"ဒီဝင်ပေါက်နားက အခန်းပဲ ယူလိုက်မယ်လေ..."
"အင်း...သဘော..."
ကျွန်တော် ထွက်သွားဖို့ ပြင်ပြီးမှ ဝေ့ရင်းဘက် ပြန်လှည့်လိုက်ကာ သေချာကြည့်လိုက်မိတယ်။ သူ့ကို သာမန်လူလို့ပဲ ထင်မိပေမယ့် စိတ်ထဲ တစ်ခုခု ဘဝင်မကျတာမို့ သူ့လက်ကို လှမ်းဆွဲပြီး လူသားဟုတ်မဟုတ် စမ်းကြည့်လိုက်မိသည်။
စမ်းနည်းကား...သူ့ကို အနားဆွဲယူလိုက်ပြီး ဖျတ်ခနဲ အနံ့ခံလိုက်တာပင်။
"ဟမ်...မင်း ဘာလုပ်တာလဲ..."
ကျွန်တော့်အပြုအမူကို သူ့စိတ်ထဲတော့ သူ့ကို အိမ်ရှေ့စံလို နမ်းလိုက်တယ်လို့ ထင်သွားပုံနေပါလိမ့်မည်။ သူ့လက်ကို ပြန်လွှတ်ပေးလိုက်ပြီး နောက်ဆုတ်ရပ်လိုက်ကာ...
YOU ARE READING
The Guardian [Completed]
Fanfictionငါတို့ တစ်ယောက်တစ်ဖက်မှာ ရပ်ခဲ့ရတဲ့ အဲ့အချိန်တွေထဲက နတ်ဘုရားတွေဆီ ကတိပြုခဲ့တယ်။ မင်းကို ထာဝရ ကာကွယ် စောင့်ရှောက်ပေးသွားမယ်လို့. . . လန်ကျန့် & ဝေ့ရင်း (Wang Yibo...