Chapter 25

9K 1.1K 114
                                    


"ရိပေါ် "

ကျွန်တော်တို့နှစ်‌ယောက် သတိလွတ်သွားချိန်မှာပဲ တစ္ဆေဘုရင်က သူ့ကို အလစ်ဝင်တိုက်နိုင်သွားတာမို့ အားကျန့်...ရိပေါ်နား ပြေးထွက်သွားတာနဲ့ တပြိုင်နက် ကျွန်တော် အစ်ကိုတော့်ကို သူတို့နှစ်ယောက်ရှေ့က ပိတ်ရပ်ထားလိုက်တော့သည်။

"ရိပေါ် ရိပေါ်...ရှန့်ဝူ သူ့ကို ခေါ်လို့မရတော့ဘူး။ လုပ်ပါဦး တစ်ခုခု လုပ်ပေးပါဦး..."

အစ်ကိုတော့်ကို လှမ်းကြည့်လိုက်တော့ အေးအေးလူလူပင်။ မဲ့ပြုံးတစ်ချက်ပြုံးပြလာပြီး နံရံကိုမှီကာ လေတချွန်ချွန်တောင် လုပ်‌နေသေးတာကြောင့် သူ ပစ်ထုတ်လိုက်တဲ့ အစွမ်းက ဒဏ်ရာရရုံလောက်တင် မဟုတ်မှန်း သိလိုက်မိပြီ။

အစ်ကိုတော်က လှမ်းပြောလာသေးသည်။

"ရှန့်ဝူ...အတိတ်က ကိစ္စတွေကို ခဝါချပြီး မင်းနဲ့ငါ မဟာမိတ်ပြုကြရအောင်။ မင်းနဲ့ငါသာ ပူးပေါင်းလိုက်ရင် လူ့လောကတစ်ခုလုံးကို ငါတို့လက်အောက်ဖြစ်လာအောင် လုပ်လို့ရတယ်..."

"ဟက် လဲသေလိုက်! ခင်ဗျားက အခုထိ အာဏာရူးနေသေးတာပဲ..."

"ကောင်းပြီလေ။ မင်းက ငါနဲ့ မပူးပေါင်းနိုင်ဘူးဆိုရင်တော့ ရိပေါ်လိုပဲ နတ်ဘုရားလေးကိုလည်း အရှင်ထားစရာ မရှိတော့ဘူး။ ဘယ်လိုလဲ သူ့ကို ပါ သေစေချင်နေတာလား..."

"စမ်းကြည့်လိုက်လေ။ ကျွန်တော် အရင်က ရှန့်ဝူမဟုတ်တော့ဘူး။ နန်းတွင်းကလူတွေရဲ့ ဖိနှိပ်မှုတွေ နှိမ့်ချမှုတွေကို ကြောက်လို့ အားကြီးချင်ယောင် မောက်မာချင်ယောင် ‌ဆောင်နေတဲ့ ခပ်ညံ့ညံ့ အိမ်ရှေ့စံတစ်ယောက် မဟုတ်တော့ဘူး။

ကျွန်တော် သူ့ကိုကာကွယ်ဖို့ ရွေးခဲ့တဲ့ ဒီလမ်းက နာမည်ခံသက်သက် မဟုတ်ဘူးနော်။ ကျွန်တော့်စိတ်နဲ့သာဆိုရင် အစ်ကိုတော် ဘာလုပ်လုပ် လျစ်လျူရှုပြီး ခွင့်လွှတ်ပေးနေဦးမှာပဲပေမယ့် ကြာပန်းနတ်ဘုရားကို ထပ်ထိလို့ကတော့ ဒီနေ့က ခင်ဗျား သေရမယ့်နေ့ပဲ။ ချစ်တဲ့သူကို ကာကွယ်ပေးချင်လို့ အမှောင်လမ်းကို ရွေးခဲ့တာ။ ခင်ဗျားလို ‌မတရားလောဘတွေကြောင့် မိစ္ဆာဘုရင် လုပ်နေတာမဟုတ်ဘူး။ စမ်းကြည့်လိုက်..."

The Guardian [Completed]Wo Geschichten leben. Entdecke jetzt