Chapter 4

11.5K 1.4K 91
                                    


ကန်ရေပြင်ကနေ ဖြတ်တိုက်လာတဲ့ လေပြေတွေကြောင့် ရင်ခွင်ထဲက ကောင်လေးကို ငုံ့ကြည့်လိုက်တော့ အိပ်ငိုက်နေပြီ ထင်ပါရဲ့။ ပဝါအောက်ကနေ မြင်လိုက်ရတဲ့ မှိတ်ကျနေတဲ့ မျက်လုံးအစုံကြောင့် ပဝါကို အသာပင့်တင်လိုက်ပြီး အသက်ရူမကြပ်အောင် လုပ်ပေးထားလိုက်မိတော့သည်။

ကြာကန်နားထိုင်နေလို့ပဲလား. . .ဒါမှမဟုတ် သူ့ ကိုယ်သင်းနံ့ကိုက ကြာပန်းနံ့ရနေသလားပင်မသိ...လေအဝှေ့တိုင်း ကြာနံ့တွေ တော်တော်လေးရနေတာ။

ပခုံးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး အသာလှုပ်နှိုးလိုက်တော့ ဆတ်ခနဲထလာပြီး ရင်ခွင်ထဲကနေ ချက်ချင်းရုန်းထွက်သွားတယ်။ အခုမှ လေလည်း ငြိမ်သွားပြီး ကြာပန်းနံ့တွေလည်း သိပ်မရတော့။

"ကျွန်တော် အိပ်ပျော်သွားတယ် ထင်တယ်..."

"အင်း..."

"ပြန်ကြမယ်နော် အရှင့်သား...တော်တော်နောက်ကျနေပြီ..."

တကယ်လည်း နောက်ကျနေပြီး သူလည်း အိပ်ချင်နေလောက်ပြီလို့ တွေးမိတာမို့ ထရပ်လိုက်ရတော့တယ်။

နန်းတော်ထဲက အဆောင်ရှေ့ပြန်ရောက်တော့မှ သူ့ကို အခန်းရှေ့ အရင်ပို့ခဲ့ပေးလိုက်တော့သည်။ မျက်နှာက ပဝါကို ဖြုတ်ပေးလိုက်ပြီး သူ့‌နောက်ကျောမှ ဆံနွယ်တွေကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ကာ နဖူးတွင် ဝဲကျနေသော ဆံစတွေကို အသာသပ်ပေးလိုက်ပြီး ပဝါကို လည်ပင်းမှာ ပြန်ချည်ထားပေးလိုက်တယ်။

"မင်းပဝါကို ပြန်ပေးပြီးပြီနော်..."

"ဒီအတိုင်းပေးလည်း ရတာကို..."

ထိရင်ကိုင်ရင် မကြိုက်တဲ့ ကောင်လေးကိုမှ ထိချင်ကိုင်ချင်မိနေတာမို့ အနားကို အသာတိုးကပ်လိုက်ပြီး သူကြားရုံသာ ဆိုလိုက်မိတော့သည်။

"မင်းမှာ ဆိုင်သူ ရှိမလာစေနဲ့..."

"ဘာလို့..."

"အော်...ဒါမှ ကိုယ့်ကိုသေချာစောင့်ရှောက်နိုင်မှာလေ။ အိပ်တော့...ပြီးတော့ မင်းရဲ့ ပထမဆုံးအနမ်းက ကိုယ့်ကိုပဲ ဖြစ်ပါစေ..."

ပြောပြီးတာနဲ့ နဖူးစည်း ပြန်စည်းကာ မျက်လုံးတစ်ဖက်မှိတ်ပြသွားတဲ့ အရှင့်သားကို မဲ့ပြုံးသာ ပြုံးပြလိုက်တော့တယ်။

The Guardian [Completed]Where stories live. Discover now