Chapter 7

10.1K 1.4K 196
                                    


နောက်တစ်နေ့ မနက်ပိုင်းမှာတင် ကျွန်တော် ချင်းဟယ်မြို့စားမင်းကို ကိုယ်တိုင်သွားတွေ့ပြီး ရေမိစ္ဆာတွေအကြောင်း ထပ်မေးကြည့်လိုက်သေးသည်။ တစ်ညလုံး ထပ်ပေါ်မလာတော့ဘူးဆိုမှ သက်ပြင်းချနိုင်တော့တယ်။

အခုချိန်ထိ ပိုင်ဟုထွက်မလာသေးတာမို့ သူ့အခန်းရှေ့သွားမေးကြည့်မိတော့ မနက်ထဲကနေ အခန်းထဲက ထွက်မလာသေးတာပါဆိုလို့ ဒဏ်ရာအခြေအနေပါမေးရန် အခန်းထဲဝင်လာလိုက်တော့သည်။

ဟင်. .သူ အခုထိ အိပ်နေသေးတာလား!!

ကုတင်နားလျှောက်သွားလိုက်ပြီး လှုပ်နှိုးကြည့်တော့ မနိုးလာ။ နဖူးကိုစမ်းကြည့်တော့ အဖျားရှိနေတာမို့ သမားတော် ခေါ်ပေးဖို့ လုပ်ရတော့သည်။ ကျွန်တော် အပြင်ပြန်ထွက်ဖို့အလုပ်ကို သူ လှမ်းဆွဲလိုက်တာမို့ လှည့်ကြည့်လိုက်မိတော့ ယောင်နေရုံသာပင်။

လက်ကို အသာအယာဖြုတ်ချသော်လည်း မရ။ တိုးတိုး တိုးတိုးနဲ့ ရေရွတ်နေတာမို့ အနားကပ်ပြီး နားထောင်ကြည့်လိုက်မိတယ်။

"ကြာပန်းလေး...ကြာပန်းလေး...ကြာပန်းလေး..."

ဒါကိုပဲ ရေရွတ်နေတာမို့ စဉ်းစားလိုက်မိသေးတယ်။ ဒီ‌ကောင်လေး ကြာပန်းလိုချင်နေတာလား...ဒါမှမဟုတ် အိပ်မက်ထဲမှာများ ကြာပန်း‌တွေကြားထဲ ရောက်နေလို့လားပဲ။

"ပိုင်ဟု...ပိုင်ဟု..."

ပခုံးကနေ ကိုင်ပြီး လှုပ်နှိုးလိုက်မှ ဆတ်ခနဲ မျက်လုံးပွင့်လာတယ်။ ရုတ်တရက်မို့ စိတ်ထင်တာပဲလားမသိ...မျက်လုံးတစ်ခုလုံး နီရဲနေတာမို့ သေချာပြန်ကြည့်လိုက်မှ ပုံမှန်အရောင်ပြန်ပြောင်းသွားကာ လှမ်းခေါ်လာသည်။

"အရှင့်သား..."

"အင်း...မင်း အဆင်ပြေရဲ့လား။ ကိုယ်တွေလည်း ပူနေတယ်...မျက်လုံးတွေတောင် ရဲ‌နေသလိုပဲ..."

ကျွန်တော့်လက်မောင်းကို လှမ်းကိုင်ပြီး ဖြည်းဖြည်းချင်း ထထိုင်လာတာမို့ ထိန်းပေးလိုက်ရတယ်။

"ရတယ်...ကျွန်တော် ညက ပြတင်းပေါက်ဖွင့်အိပ်လိုက်မိလို့ အအေးပတ်သွားတာနေမယ်..."

The Guardian [Completed]Where stories live. Discover now