သတိရရချင်း မျက်လုံးတွေ မဖွင့်နိုင်သေးပေးမယ့် ကျောပြင်အောက်က အေးစက်စက်ကြမ်းပြင်ကိုတော့ ခံစားနေမိသည်။ ကျွန်တော် နောက်ဆုံးမှတ်မိလိုက်တာက မြှားဒဏ်ရာကြောင့် မြင်းပေါ်က ပြုတ်ကျသွားတာကိုပင်။မျက်လုံးကို မဖွင့်သေးပဲ ထထိုင်ဖို့လုပ်လိုက်ပေမယ့် ရင်ဘတ်ပေါ်က လေးလံလွန်းတဲ့ အရာကြောင့် ပြန်ပြီး လဲကျသွားရတယ်။ ဘာရှိနေတာလဲ အသည်းအသန် မျက်လုံးဖွင့်ကြည့်လိုက်မှ ကျွန်တော့်ကိုယ်ပေါ် တစ်ကိုယ်လုံး တက်ဖိထားကာ မှောက်အိပ်နေသော ဝေ့ရင်းကို တွေ့လိုက်ရတာ။
ဟမ်...ဒီကောင်လေး ကျွန်တော့်ကို ကုတင်လို့ ထင်နေတာလား!!!
ခေါင်းထောင်ပြီး ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်မှ ဒီနေရာက ကျောက်ဂူတစ်ခုဖြစ်မယ့်ပုံပင်။ ဘေးမှာတော့ ဘယ်သူ့ကိုမှ မတွေ့မိ။ ဖြည်းဖြည်းချင်း ပြန်လှဲချလိုက်ကာ ကိုယ်ပေါ်က ကောင်လေးကို သေချာကြည့်နေလိုက်မိတယ်။
ကျွန်တော် အရမ်းသဘောကျမိတဲ့ သူ့ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ဖုံးအုပ်ထားတဲ့ မျက်တောင်စိတ်စိတ်လေးတွေက တကယ့်ကိုမှ မြတ်နိုးစရာအတိ။ နဖူးပြေပြေလေးကို ငုံ့နမ်းလိုက်ချင်ပေမယ့် သူ လန့်နိုးသွားမှာ စိုးတာမို့ ခဏအောင့်ထားလိုက်ရတယ်။ အထိမခံချင်တဲ့ဟာလေးက သူကိုယ်တိုင် ကျွန်တော့်ပေါ် တက်အိပ်နေတယ်ဆိုတာ ရှားပါးဖြစ်စဉ်ကြီးလေ။
သို့သော် ကျွန်တော်က အလိုက်တသိ ငြိမ်ငြိမ်လေးနေလိုက်ပေမယ့် မငြိမ်နိုင်တဲ့ အောက်က အရာကတော့ သူ့ကို သွားထောက်နေပြီ။ ကိုယ်ကို အသာကြွကာ သူ့ခန္ဓာကိုယ်ကို အပေါ်သို့ ရွှေ့လိုက်ပေမယ့် ထိုကောင်လေးက အဲ့နေရာတည့်တည့်ကို ပြန်လျှောဆင်းသွားတာမို့ ချွေးစေးတွေတောင် ပြန်လာမိတယ်။
ဟင်းး ငါ့ကိုတော့ နှာဘူးလို့ ထင်နေတော့မှာပဲ!!!
အဆိပ်မိတာထက်တောင် ဆိုးတဲ့ဝေဒနာကို အခုမှ ခံစားနေရသလိုပင်။ ကျွန်တော့်မှာ လှုပ်တောင်မလှုပ်ရဲ အသက်တောင် မရူရဲပေမယ့် သူကတော့ ကျွန်တော့်ကိုယ်ပေါ်မှာ ငြိမ်ငြိမ်မအိပ်တော့။ ရင်ဘတ်ကို ဆိတ်လိုက်...မျက်နှာကို လှမ်းဆွဲလိုက်...အဆိုးဆုံးက ကျွန်တော့်ပေါ်မှာ ခုန်နေတာက ဘယ်လိုမှ အဆင်ပြေမနေတော့တာမို့ လှုပ်နှိုးလိုက်ရတော့သည်။
YOU ARE READING
The Guardian [Completed]
Fanfictionငါတို့ တစ်ယောက်တစ်ဖက်မှာ ရပ်ခဲ့ရတဲ့ အဲ့အချိန်တွေထဲက နတ်ဘုရားတွေဆီ ကတိပြုခဲ့တယ်။ မင်းကို ထာဝရ ကာကွယ် စောင့်ရှောက်ပေးသွားမယ်လို့. . . လန်ကျန့် & ဝေ့ရင်း (Wang Yibo...