Chapter 28

8.9K 1.1K 198
                                    


အင့်...

မျက်လုံးမဖွင့်ရသေးခင်မှာပဲ ခါးအောက်ပိုင်းက နာကျင်မှုကြောင့် စောစောစီးစီး အသံထွက်ညည်းလိုက်မိသည်။ ညက အကြိမ်ရေက အရင်ညတွေကထက် များသွားတာကြောင့် တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလိုမျိုး ခံစားနေရတယ်။

ညတိုင်း ညတိုင်း ဆောင်တော်ကူးစရာမရှိသော အရှင့်သားရဲ့ ဒဏ်ကို အခုတော့ မောင်းမဆောင်ကြီးတစ်ခုလုံးရဲ့ ကိုယ်စား တစ်ယောက်တည်း ခါးစည်းခံနေရပြီ။

ဟွန့်...ညတိုင်း ကျွန်တော့်အဆောင်မှာပဲ လာမအိပ်နိုင်အောင် ကြင်ယာတော် ထပ်ရှာပေးဦးမှပါပဲ။

"ကိုယ့်ဝေ့ရင်းလေး နိုးနေပြီလား..."

ဘေးနားက ငှက်စိုးထိုးသံကြောင့် မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ကို ဘေးတစောင်းအိပ်ရင်း နဖူးပေါ် လက်ထောက်ကာ စိုက်ကြည့်‌နေသော ရိပေါ်ကို တန်းမြင်ရတာကြောင့် မျက်စောင်းသာ ပိတ်ထိုးလိုက်မိတော့တယ်။

"အယ်...မျက်လုံးနှစ်လုံး ပွင့်တာနဲ့ စိတ်ကောက်ပြန်ပြီလား..."

"မင်း ညက အတော်လွန်တယ်။ ငါ့မှာ သေပြီတောင် ထင်နေတာ..."

"မသေပါဘူး။ ကိုယ့်နတ်ဘုရားလေးက မသေမျိုးဆို။ အခုလည်း ရန်တွေ့နိုင်သေးတာပဲမလား..."

ဘာမှကို ပြန်မပြောချင်တာမို့ ကျောခိုင်းပြီးသာ လှည့်အိပ်လိုက်တော့သည်။ ရိပေါ်က အရင်ဘဝကထက် ပိုချောလာသလို ပိုပြီးလည်း နှာဘူးကျလာတယ်။ နေ့တိုင်းဆို နေ့တိုင်းပဲ လုပ်ချင်နေတဲ့ ဒီဘုရင်လောင်းကြောင့် လူလည်း မျော့မျော့ပဲ ကျန်‌ပါတော့တယ်နော်!!

ထုံးစံအတိုင်း ကောက်သွားပြန်တဲ့ နတ်ဘုရားလေးကို အနောက်ကနေ သိုင်းဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ထုံးဖွဲ့ထားခြင်းမရှိသေးတဲ့ ဆံနွယ်တွေကိုသာ ရှ်ိုက်နမ်းနေမိတော့တယ်။

ဒီနတ်ဘုရားလေးက စိတ်ကောက်သန်တာ မှန်သော်လည်း သူ စိတ်ကောက်နေလို့ဆိုပြီး မထိရဲမကိုင်ရဲ နေမိရင်လည်း သူ့ကို ငြီးငွေ့သွားလို့၊ အသစ်တွေ့သွားလို့ မကပ်တော့တာမလားနဲ့ အမှုပိုကြီးသွားနိုင်တာမို့ အခုတော့ သူ့အထာ တော်တော်နပ်နေပြီ။

The Guardian [Completed]Donde viven las historias. Descúbrelo ahora