Chapter 21

8.9K 1.2K 188
                                    


ခမည်းတော်ဆီကနေ ပြန်လာပြီး အဆောင်ထဲ ပြန်ဝင်လာချိန်မှာ ဝေ့ရင်း ရှိမနေတော့။ အပြင်က အစောင့်တွေကို ခေါ်မေးလိုက်တော့ သူ့အခန်းဆီ ပြန်သွားပြီဟု ပြောလာတာကြောင့် အထိန်းတော်ကြီးကို ခေါ်ကာ နန်း‌ဆောင် တံခါးဝကနေစပြီး နန်းဆောင်ထဲရှိ အဆောင်တိုင်းကို လုံခြုံရေး အပြည့်ထားရန် မှာလိုက်ရသည်။

အဲ့‌ကောင်လေးက အခုချိန်မှာ မူးရူးနေတာမို့ တစ်ယောက်ယောက်က ဝင်သတ်သွားရင်တောင် လက်သည်မပေါ်ဘဲ ကြွသွားမှ ဒုက္ခ။

တစ်နေ့တစ်နေ့ သူ့ကို ‌လိုက်စိတ်ပူ‌နေရတာလည်း ပင်ပန်းလိုက်တာ!!! အချိန်တိုင်း အနားမှာပဲ အပြီးခေါ်ထားလို့ရမယ့် အချိန် အမြန်ရောက်ချင်လှပါပြီ။

ဟိုကောင့်ကြောင့် အသည်းကွဲနေရှာတဲ့ ကျွန်တော့်ကြင်ယာတော်လောင်းလေးကို မနက်ကျရင် သွားထွေးပွေ့ပြီး နှစ်သိမ့်ပေးဦးမှပါပဲ။ အဲ့ရိပေါ်ဆိုတဲ့ကောင်ကိုလည်း ရှိနေသေးရင် တိတ်တဆိတ် သတ်ပစ်ခိုင်းဖို့ တွေးထားလိုက်တော့သည်။ ဟက် အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးလေ။

"လုံးစုံများစွာ သတ္တဝါတွေထဲမှာ ရိပေါ်ဆိုတဲ့မင်းကလွဲရင် ငါ အားလုံးကို မေတ္တာထားနိုင်တယ်..."

ထိုသို့တွေးနေတုန်း ပိုင်ဟု တွေ့ခွင့်တောင်းနေတယ်ဆိုလို့ ဝင်ခိုင်းလိုက်ရသည်။

"အရှင့်သား..."

"ထိုင်လေ...ပြောစရာရှိလို့လား..."

"အခုချိန်က တော်တော်နောက်ကျနေတာ သိပေမယ့် ကျွန်တော် အရှင့်သားနဲ့ အရေးတကြီး ဆွေးနွေးစရာ ရှိလို့ပါ..."

"အင်း ပြောလေ..."

"အရှင့်သား ကျွန်တော့်အပေါ် ဘယ်လောက်ယုံကြည်မှုရှိလဲ..."

"ဘာလို့ ဒီလိုမျိုးမေးတာလဲ..."

"ဒီအတိုင်း သိချင်လို့ပါ။ မဖြေလည်း ဖြစ်ပါတယ်..."

လန်ကျန့် အတန်ကြာ စဉ်းစားနေတာမို့ ဆက်မမေးတော့ဘဲ စကားလမ်းကြောင်းလွှဲဖို့ လုပ်ခါနီးမှ...

"မင်းက ငါ့အတွက် အယုံကြည်ရဆုံးလူပဲ။ မင်းနဲ့ ငါတွေ့တာ အချိန်တွေ သိပ်မကြာသေးဘူး ဆိုပေမယ့် ငါ့စိတ်ထဲမှာ အရမ်းရင်းနှီးနေတယ်လို့ ခံစားရတယ်။ ငါတို့ အချိန်အကြာကြီး ရှိခဲ့ဖူးသလို ခံစားချက်မျိုး အမြဲရနေခဲ့တာ..."

The Guardian [Completed]Where stories live. Discover now