Chapter 24

9.1K 1.2K 201
                                    


"အရှင့်သား..."

ကျွန်တော် ထိုင်ခုံမှာပဲ သတိကပ်ပြီး ထိုင်စောင့်နေတုန်း အိပ်ရာထက်ကနေ ဝေ့ရင်းဆီက ခေါ်သံတိုးဖျဖျကို ကြားလိုက်ရတာကြောင့် ကြင်ယာတော်လေးဆီသို့ အာရုံတွေရော အကြည့်တွေပါ အကုန်ပို့လိုက်ရသည်။

မင်္ဂလာဝတ်ရုံနဲ့ စောင်ပုံကြားထဲမှာ လုံးထွေးနေတဲ့ ထိုကောင်လေးက တကယ့်ကိုမှ မြတ်နိုးဖွယ်အတိ။ သို့သော်ငြား ဒီတစ်ညတော့ သူ့ကို အာရုံမစိုက်မိအောင် ကြိုးစားနေရသည်။ ဒီမိစ္ဆာကောင်က ဘာလို့ ခုထိပေါ်မလာသေးတာပါလိမ့်။

"အရှင့်သား...အရှင့်သားရဲ့မိစ္ဆာဘုရင်က ဘယ်တော့မှ ပေါ်လာမှာလဲ။ ကျွန်တော် အိပ်ချင်လာပြီ..."

သူ့နားလျှောက်လာလိုက်ကာ ကုတင်ပေါ် ဝင်ထိုင်လိုက်ပြီး ခြေကားရား လက်ကားရားနဲ့ လှဲအိပ်နေတဲ့ ကြင်ယာတော်လေးကို အဖော်ပြုပေးဖို့ လုပ်ရတော့တယ်။

"အင်းလေ...အဲ့ကောင်က ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ မသိဘူး။ ဝေ့ရင်း...မင်း တစ်နေကုန် ပင်ပန်းထားတယ်မလား။ အိပ်ရင်အိပ်လိုက်တော့လေ..."

"အင်း။ ခဏအိပ်ဦးမယ်။ မိစ္ဆာ‌တွေလာရင် ကျွန်တော့်ကို နှိုးလိုက်လေနော်..."

ထိုကောင်လေးကို ပြုံးပဲပြလိုက်ရတော့သည်။ ဘယ်နှယ့် မသိရင် မိစ္ဆာတွေကပဲ ကျွန်တော်တို့ဆီ လာလည်မှာကို သူ့မှာ ထိုင်စောင့်နေရသလိုမျိုး အထာနဲ့ ပြောပြီး အိပ်သွားတဲ့ ကောင်လေးကို ငုံ့နမ်းလိုက်ကာ ပြန်လှုပ်နှိုးလိုက်မိသည်။

"ဟင်..လာပြီလား..."

"မလာသေးပါဘူး။ ကိုယ်မေးစရာရှိ‌လို့ မျက်လုံးခဏ ဖွင့်ဦး..."

"ဘာလဲ။ အိပ်ချင်နေပါပြီဆို..."

"ခုန‌စကားက ဘာအဓိပ္ပာယ်လဲ..."

"ဘာကိုလဲ..."

"ပိုင်ဟုကို ပြောတဲ့စကားလေ။ ဘာတဲ့...တစ်ခုခု ဖြစ်လာရင်တောင် မင်းကို အရင်ဆုံး ကာကွယ်ပေးမယ်ဆိုပဲ..."

"ဟုတ်တယ်လေ။ တစ်ယောက်နဲ့တစ်ယောက် ဖေးမရမှာပေါ့..."

"ဟက်...မင်းက ကိုယ့်အပေါ်ကလွဲရင် အားလုံးပေါ် အရမ်းကောင်းတာပဲနော်။ သူ့ကိုတောင် အားကျမိပါရဲ့..."

The Guardian [Completed]Donde viven las historias. Descúbrelo ahora