"အရှင့်သား...အရှင့်သား...""ဝေ့ရင်း...ကိုယ်ရှိတယ်နော်။ မျက်လုံးဖွင့်လိုက်ဦး..."
အရှင့်သားခေါ်သံက ဘေးနားကနေ ကြားနေရသလိုမို့ မျက်လုံးဖွင့်ကြည့်လိုက်မိတော့ တကယ်လည်း အနားမှာ အရှင့်သားရှိနေတာပင်။
"အရှင့်သား..."
"ဘယ်လိုလဲ...ကိုယ့်ကို အိပ်မက်ထဲတောင် ထည့်မက်နေတယ်ပေါ့။ ဘာလဲ. .ကိုယ့်ကို အရမ်းလွမ်းနေတာလား..."
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်မိမှ အခန်းထဲမှာ ကျွန်တော် အိပ်ပျော်သွားပုံရသည်။ ကျွန်တော့်အခန်းထဲကို သူ ဘယ်တုန်းကရောက်နေတာလဲ။ ပိုင်ဟုနဲ့ ထွက်သွားပြီ မဟုတ်ဘူးလား!!!
"ဘာတွေစဉ်းစားနေတာလဲ..."
အရှင့်သားက ကုတင်ဘေးက ခုံမှာ ထိုင်နေရာကနေ ကုတင်ပေါ် ပြောင်းပြီးတက်ထိုင်လာပြီမို့ အမြန်ဆင်းဖို့လုပ်လိုက်တော့မှ ခါးကနေ သိုင်းဖက်ထားခြင်း ခံလိုက်ရပြန်ပြီ။
အဲ့ဒါတွေမကြိုက်တာ...တွေ့တိုင်း ဘာလို့ တစ်ခုမဟုတ်တစ်ခု လိုက်ကိုင်နေရတာလဲ။ အရှင့်သားက ဟိုကိုင်ဒီကိုင် လုပ်ရတာကို တော်တော်သဘောကျပုံပင်။ ခရီးမှာ ပိုင်ဟုကိုလည်း အခုလို လိုက်ကိုင်နေရင် မခက်ဘူးလား။ ပိုင်ဟုအတွက် တကယ်စိုးရိမ်မိတယ်။
"အိပ်မက်ဆိုးတွေ မက်နေလို့လား..."
တွေးနေတုန်း ငုံ့မိုးပြီး ပြောလာသော ခပ်တိုးတိုးစကားသံကြောင့် မော့ကြည့်လိုက်မိတော့ စိုးရိမ်တကြီး စိုက်ကြည့်နေသော အရှင့်သားရဲ့ မျက်ဝန်းများ။
ခေါင်းပဲ ညိတ်ပြလိုက်မိတော့တယ်။
"ဘာတွေမက်တာလဲ မမေးတော့ဘူး။ တစ်ခုပဲ ပြောပြ။ အိပ်မက်ထဲမှာ ကိုယ်ရောက်မလာလို့ လိုက်ရှာနေတာလား..."
အိပ်မက်ကို အတည်ကြီးလို ပြောနေသော အရှင့်သားကြောင့် ဘာပြန်ပြောရမှန်းတောင် မသိတော့။ ဘာပဲဖြစ်ဖြစ် ပြောရမှာတစ်ခုက ဒီခရီးမှာ ကျွန်တော်လည်း လိုက်မည်ဟု။
"မှေးခနဲ အိပ်ပျော်သွားတုန်း လျှောက်မက်တာမျိုးပါ...အထွေအထူးမဟုတ်ပါဘူး..."
CITEȘTI
The Guardian [Completed]
Fanfictionငါတို့ တစ်ယောက်တစ်ဖက်မှာ ရပ်ခဲ့ရတဲ့ အဲ့အချိန်တွေထဲက နတ်ဘုရားတွေဆီ ကတိပြုခဲ့တယ်။ မင်းကို ထာဝရ ကာကွယ် စောင့်ရှောက်ပေးသွားမယ်လို့. . . လန်ကျန့် & ဝေ့ရင်း (Wang Yibo...