Chapter 20

8.9K 1.2K 200
                                    


စားပွဲပေါ်က စာအုပ်တွေကို တွန်းချလိုက်တာကြောင့် သူ လန့်နိုးသွားပြီး မော့ကြည့်လာတယ်။ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေတဲ့ကောင်လေးက တကယ့်ကိုမှ ချစ်စရာလေးဆိုပေမယ့် အခုတော့ နည်းနည်းမှ အမြင်မကြည်နိုင်တော့တာကြောင့် ခါးကနေပွေ့ပြီး ကြမ်းပြင်ပေါ် ချပစ်လိုက်သည်။

"ပြန်တော့။ ကိုယ့်အခန်းထဲ ကိုယ်သွားတော့..."

မျက်လုံးတွေကို လက်နဲ့ပွတ်ကာ ကျွန်တော့်ဘေးနားပြန်တိုးလာပြီး ပခုံးပေါ်မှီဖို့လုပ်နေတာကြောင့် သူ့ခေါင်းကို လက်နဲ့တွန်းထားလိုက်ရသည်။

"ဘာလို့လာကပ်နေတာလဲ။ ပြန်တော့ဆို..."

"ဒီမှာပဲ အိပ်ချင်တယ်..."

"မအိပ်ရဘူး သွား..."

ပခုံးပေါ်မှီလို့မရတော့မှန်းသိတော့ ပေါင်ပေါ်မှောက်ရက်တက်အိပ်ဖို့ ကြိုးစားနေပြန်ပြီ။ သို့သော် သူ ပေါင်ပေါ်လှဲမချခင် နောက်ကိုရွှေ့ထိုင်ပစ်လိုက်တာ‌ကြောင့် ကြမ်းပြင်ပေါ်ပဲ လှဲချမိသွားကာ တဟင့်ဟင့်နဲ့ လှဲအိပ်နေပြီမို့ လျစ်လျူရှုထားလိုက်ပြီး စာအုပ်ကိုသာ ပြန်ယူဖတ်နေလိုက်တော့သည်။

စာထိုင်ဖတ်နေတုန်း သူ ထထိုင်လာပြန်တာကြောင့် ဂရုကိုစိုက်မနေတော့။ ဒါတောင် စားပွဲပေါ်မေးထောက်ပြီး ကျွန်‌တော့်မျက်နှာကို တစိမ့်စိမ့်တောင် လာထိုင်ကြည့်နေသေးတာ‌မို့ အာရုံစိုက်မနေတော့ဘဲ ကျောသာခိုင်းထားလိုက်ရတော့တယ်။

ထိုစဉ် "ရိပေါ် " ဆိုပြီး ‌နောက်ကနေ သိုင်းဖက်လာချိန်မှာတော့ တကယ့်ကို ပေါက်ကွဲလာမိပြီ။

"မင်း ဘယ်လိုဖြစ်နေတာလဲ။ တခြားအကောင်ကို ထိထားတဲ့လက်နဲ့ လာမထိနဲ့..."

"အဟင့်..."

သူမူးတာက တကယ့်ကိုမှ အထူးအဆန်း။ ခွာချလို့မရ ဖယ်ထုတ်လို့မရအောင်ကို လိုက်ကပ်နေပြီး ‌ပေါင်ပေါ်တက်ထိုင်ဖို့ပဲ ကြိုးစားနေတာ‌ကြောင့် စိတ်လျှော့လိုက်ရတော့တယ်။

"ပြောပါဦး...ရိပေါ်က ဘယ်သူလဲ..."

"ချစ်သူ..."

"တောက်...မင်းမှာ ချစ်သူရှိတာလည်း ငါ မသိရပါလား..."

"...." ဘာမှပြန်မပြောဘဲ နဖူးစည်းကို အတင်းလှမ်းဆွဲဖြုတ်နေတာကြောင့် လက်ကို ချုပ်ထားလိုက်ရတယ်။ နဖူးစည်းဖြုတ်မရတော့ လည်ပင်းကို အတင်းသိုင်းဖက်လာပြီး ပါးကို အတင်းလိုက်နမ်းနေတာက တခြားအချိန်မှာသာဆို အပျော်လွန်မိမလား မသိပေမယ့် အခုတော့ ဒေါသတွေက ပိုပိုထွက်လာမိပြီ။

The Guardian [Completed]Where stories live. Discover now