Chapter 31

9K 1K 226
                                    


မနက်မိုးလင်းလင်းချင်း ကျွန်တော် အားရှန့်ခန္ဓာကိုယ်ကို စမ်းကြည့်လိုက်တော့ ပုံမှန်အတိုင်း ပြန်အေးနေပြီမို့ သူ့ကိုယ်ကို အသာအယာထိန်းကာ ကုတင်ပေါ်ချပေးပြီး သိပ်ထားလိုက်တော့သည်။ ထို့နောက် ကိုယ်လက်သန့်စင်ကာ လန်ကျန့်ရှိရာ အ‌ဆောင်သို့ ထွက်ဖို့လုပ်ရတော့တယ်။ အဲ့ကောင်က မနေ့ညကထဲက ကျွန်တော် ပေးလိုက်တဲ့ စာအုပ်တွေကို တစ်ညလုံးလေ့လာထားမှာမို့ မနက်စောစောမှာကို ကျင့်စဉ်တွေ စချင်တယ်ဆိုပြီး ပြောထားတာကြောင့် စောစောပင် သူတို့အခန်းရှေ့သို့ လျှောက်လာခဲ့လိုက်တော့တယ်။

ဒီကောင့်ကြည့်ရတာ တစ်ညလုံး တကယ်လေ့လာမယ့်ပုံပါပဲ!

အခန်းရှေ့ရောက်တော့ မျက်စိမျက်နှာပျက်နေကြသော ကျွန်တော့်နောက်လိုက်လေးတွေကို တွေ့လိုက်ရတာကြောင့် ဘာဖြစ်နေတာလဲလို့သာ မေးကြည့်လိုက်ရတော့သည်။

"သခင်လေး...အထဲမှာ ဘာဖြစ်နေတာလဲ မသိဘူး။ ဧည့်သည်ရဲ့ အော်သံတွေကို ကြားနေရတယ်..."

အားးးး

ပြောနေရင်း၌ပင် အားကျန့်ရဲ့ အော်သံကို ထပ်ကြားလိုက်ရ‌တာကြောင့် အခန်းတံခါးကို တွန်းဖွင့်ဝင်သွားလိုက်မိတော့သည်။

ဝုန်းဆို ရုတ်တရက်ကြီး တံခါးဖွင့်သံကြောင့် ဝေ့ရင်းကို ကျွန်တော့်ရင်ခွင်ထဲ အမြန်ဆွဲသွင်းလိုက်ရတယ်။ တစ်ညလုံး သောင်းကျန်းမိထားတာကြောင့် သူ့ကို မနက်ပိုင်း ရေချိုးပေးပြီးတာနဲ့ ပေါင်ပေါ်ပွေ့တင်ထားကာ ဆေးလိမ်းပေးနေတုန်း ဒီနတ်ဘုရားလေးက ရင်ခွင်ထဲမှာ တအီအီ တဂျီဂျီ ငိုယိုနေတာကို အသည်းယားလာတာမို့ သူ့ယုန်တွင်းထဲသို့ လက်နဲ့ အသွင်းအထုတ် လုပ်မိနေချိန် ပိုင်ဟုဝင်လာတာကြောင့် ဘေးကစောင်ကို လှမ်းဆွဲပြီး ဝေ့ရင်းခန္ဓာကိုယ်ကို အမြန်ဖုံးထားလိုက်ရတယ်။

အခုမှ ရေချိုးပြီးကာစမို့ ကျွန်တော်တို့နှစ်ယောက်လုံးမှာ ဝတ်ရုံက လွှမ်းတယ်ဆိုရုံသာ ရှိသေးတာကြောင့် ရှက်လို့သေတော့မလိုပင်။

"အယ်...မင်း မင်း မင်းတို့တွေ မနက်စောစောစီးစီးကြီးကို လုပ်နေတာလား..."

The Guardian [Completed]Where stories live. Discover now