.Zawgyi.. ......
"မေမေ...သား..အ့လူကိုမယူနိုင်ဘူး....
"မရဘူး..သား...
ယူကိုယူရမယ်..ဒါ.မေမေအမိန့်ဘဲ...
ထည်ဝါဆိုတာ..သားငယ်ငယ်ကတည်း..သားကို
အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ခဲ့တဲ့သူဘဲ..
မင်းက..ဘာကိုငြင်းချင်နေတာလဲ..."မေမေ..အ့လူက သားထက် ၆နှစ်လောက် ကြီးတယ်..
ပြီးတော့..ပြီးတော့..ယောကျာ်းချင်းချင်းကြီး..."ဝဏ္ဏတော်ဝင်..ထည်ဝါဆိုတာ နင့်ထက် ၆နှစ်သာ
အသက်ကြီးတာ.နင့်အရွယ်လိုဘဲဆိုတဲ့အမှန်တရားကို
မမေ့နဲ့..ပြီးတော့..ယောက်ျားချင်းချင်းလည်းဘာဖြစ်လဲ
ခုခေတ်မှာအ့တာတွေက မဆန်းဘူး...
အပိုစာသားတွေမပြောနဲ့..ယူကိုယူရမယ်..."မေမေကလည်း...."
"တော်..တန်..တိတ်..
နင့်လိုဘွဲ့ရပြီး မိဘလုပ်စာထိုင်စားနေတဲ့နင့်ကို
လိုလိုချင်ချင်လာတောင်းတဲ့ ထည်ဝါကိုတောင်
ငါအားနာနေတာ..ဟိုက ကုမ္ပဏီပိုင်ရှင်..
နင်က တေလေဂျပိုး..တန်ကိုမတန်တာ..."သားက မေမေတို့ရှာထားတာတွေကိုထိုင်သုံးပေးနေ
တာလေ..သားမှမသုံးရင်မကုန်တော့မှာစိုးလို့
အလုပ်မလုပ်ဘဲထိုင်သုံးပေးနေတဲ့ဟာကို...."ဘာမှမပြောနဲ့..နင် သားထည်ဝါလွန်းနဲ့ယူရမယ်..
မယူရင်အိမ်ပေါ်ကဆင်း...ဒါဘဲ..."မေမေရက်စက်တယ်...သားတစ်ယောက်ဘဲရှိတာ
နှိပ်စက်နေတယ်..ကောင်းကင်ဘုံကဖေဖေရေ..
လာဆင်းကြည့်လှည့်ပါအုံး..အီးဟီး....."ကောင်းကင်ပေါ်ကိုကြည့်ပြီးနင့်အဖေကိုအော်ခေါ်မနေနဲ့
နင့်အဖေကငရဲမှာ..အောက်ကိုကြည့်ပြီးအော်ငို...
နင့်အဖေက စီးပွားရေးလောကမှာ သူများကိုဖျံကျထားတာ
ကောင်းကင်ပေါ်မရောက်နိုင်ဘူး..နင့်အဖေရှာထားတာ
စားတဲံ့နင်လည်းငရဲဘဲရောက်မှာ...အ့ကြောင့်..
သန့်သန့်ရှင်းရှင်းနဲ့ရှာဖွေနေတဲ့ သားထည်ဝါရဲ့ပိုက်ဆံနဲ့
သွားစားခိုင်းတာ..မေမေဘယ်လောက်ဥာဏ်အမြော်အမြင်
ကြီးလဲကြည့်စမ်း..သား..

YOU ARE READING
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Romanceမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)