Zawgyi....
ထည်ဝါနိုးလာသောအခါတွင် korea သို့ပင်ရောက်နေပြီ
ဖြစ်သည်။ထည်ဝါလည်း ရင်ခွင်ထဲ၌အိပ်နေသောအကောင်ပေါက်လေးကို မနှိုးတော့ဘဲ ပွေ့ချီလိုက်သည်။
ကလေးတော်တော်ပင်ပန်းနေတယ်နဲ့တူသည်၊
တစ်ချက်မှတောင်မနိုးပေ။ထည်ဝါလည်း hotel ကလာကြိုသောကားပေါ်တွင်
ကလေးအားအသာအယာလေးတင်လိုက်ပြီး ကား
ဒါရိုင်ဘာအား ဖြည်းဖြည်းမောင်းရန်အချက်ပြလိုက်သည်။Hotel သို့ရောက်တာတောင် မနိုးလာသေးတဲ့ကလေး
ကြောင့်ထည်ဝါလည်း ကြိုတင်booking လုပ်ထား
သောအခန်းထဲသို့သာ ပွေ့ချီလာခဲ့လိုက်သည်။Hotel ဝန်ထမ်းတွေကတော့ အထူးအဆန်းကြည့်နေ
ကြလေသည်။ထည်ဝါတို့က အ့တာတွေကိုဂရုမစိုက်။
ထည်ဝါဂရုစိုက်တာက ထည်ဝါရဲ့ကလေးလေးဝဏ္ဏတော်ဝင်။တော်ဝင်လည်း အိပ်ကောင်းကောင်းနှင့်အိပ်နေတာ
မျက်လုံးဖွင့်ကြည့်လိုက်တော့ အခန်းထဲရောက်နေတာ
တွေ့လိုက်ရသည်။တော်ဝင်လည်း ပထမတော့လန့်သွား
သည်။နောက်မှ ကိုကိုချီခဲ့မှန်း သတိရတာကြောင့်
ကိုကို့အားအခန်းထဲမှာလိုက်ရှာလိုက်သည်။"ကိုကိုရေ..ကိုကို...
"......."
"ကိုကိုလို့..."
"....."
"အီး..ဘဲနာကြီး..နှာဘူးကြီး...ငါ့ကိုထားသွားပြီး
ဘယ်သဝေထိုးနေလဲမသိဘူး...ရွှတ်..အီး...
ကြောက်တယ်လို့...ခင်ဗျားကြီးမရှိရင်..အီးဟီး....ထည်ဝါလည်း ဖုန်းလာတာကြောင့် ကလေးနိုးမည်ဆိုး၍
ဝရံတာတွင်ထွက်ရ၍စကားပြောနေလိုက်သည်။
ပြန်ဝင်လာသောအချိန်တွင် ကလေးငိုသံကြားလိုက်
တာကြောင့် အပြေးအလွှားသွားလိုက်သည်။"ကလေး...ဘာလို့ငိုနေတာလဲ...သရဲတွေ့လို့လား..
ဘာကောင်တွေ့လို့လဲ..ပြော..ကိုကို့ကို..ပြော.
YOU ARE READING
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Romanceမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)