Zawgyi.....
"ကလေး..မာလာရှမ်းကောစားရင် အစပ်တွေလျှော့နော်
ဗိုက်အောင့်နေလိမ့်မယ်နော်..."အင်းပါဗျာ...အဖိုးကြီးလိုဘဲ...ပွစိပွစိနဲ့...
"အဖိုးကြီးမဟုတ်ပါဘူးဗျာ..စိတ်ပူလို့ပါ..ကလေးရဲ့...
"Ok..ok....
တော်ဝင်လည်းမာလာရှမ်းကောကိုအစပ်လျှော့ပြီးသာစား
လိုက်သည်။မဟုတ်ရင် ဘေးက အဖိုးကြီးက ပွစိပွစိ
နဲ့ပြောနေမယ်ဆိုတာသိလို့။"ကလေး..မနက်ဖြန်..ကိုကိုနဲ့လက်ထပ်ပြီးတာနဲ့
ကိုကိုက ကလေးပျော်အောင်ထားမှာပါ..
စိတ်ညစ်တယ်ဆိုတာဘာမှန်းမသိအောင်ကို ထားမှာ.."ဘာလို့လဲ...
"ဟင်...
"ဘာလို့ ကလေးကို စိတ်ချမ်းသာအောင်ထားမှာလဲလို့်.
မေးတာ..."တော်ဝင်လည်း ကိုကိုဆီက ချစ်စကားလေး ထွက်လာ
အောင်လို့ လမ်းကြောင်းပေးလိုက်သည်။"အ့တာက..ဟို...အ့တာကလေ...
ကလေးက ကိုယ့်ခင်ပွန်းဖြစ်လာပြီဆိုတော့ စိတ်ချမ်းသာ
အောင်ထားချင်လို့လေ..ဟုတ်တယ်..အ့တာ.တော်ဝင်လည်း သတ္တိမရှိတဲ့ လူကြီးကြောင့် သက်ပြင်းသာ
ချလိုက်သည်။ထို့နောက် ကိုယ်တစ်ယောက်တည်းသာ
ကြားနိုင်တဲ့လေသံလေးဖြင့်..."ဟင်းးး.. သတ္တိမရှိတဲ့လူ....
"ဟင်..ကလေးဘာပြောလိုက်တယ်...ကိုကိုမကြားလိုက်လို့
"ဘာမှမဟုတ်ဘူး..လာမမေးနဲ့..
ချက်ချင်းကြီးဒေါသထွက်နေတဲ့ကလေးကြောင့်
ထည်ဝါလည်း ဘာမှားပြောလိုက်မိမှန်းမသိဘဲ
ငြိမ်ငြိမ်လေးသာနေပြီး ကလေးကိုကြည့်နေလိုက်သည်။တော်ဝင်လည်း တော်ဝင်ကိုမျက်နှာငယ်လေးနှင့်
ကြည့်နေသော ကိုကို့ ကို မသနားနိုင်ပါ။မာလာရှမ်းကော
ကိုသာ သတ္တိမရှိတဲ့လူလို့သတ်မှတ်ပြီး သဲကြီးမဲကြီး
ဇွန်းနဲ့ထိုးပြီးစားလိုက်သည်။
YOU ARE READING
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Romanceမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)