Zawgyi....
ထည်ဝါလည်း ကလေးနဲ့အတူ checking ဝင်ပြီး
korea သွားမယ့်လေယာဉ်ပေါ်တွင်သာ ထိုင်နေလိုက်
သည်။ငြိမ်ငြိမ်ထိုင်နေတယ်လို့ထင်ရင်တော့ မှားသွားမယ်။
လက်လေးကိုင်လိုက် ပါးလေးနမ်းလိုက်နဲ့ ရရင်ရသလို
အခွင့်အရေးယူနေလိုက်သည်။"ကိုကို..ကလေးဘာလို့ korea အရမ်းသွားချင်တာလဲ
ဆိုတာသိလား...""သိပါ့ဗျာ..အ့တာကြောင့် ကိုကိုက korea ကို
honeymoon အဖြစ်ရွေးထားတာပါဗျာ..."ဟင်..ကိုကိုနော် ..လာရွှီးမနေနဲ့..
တစ်အိမ်ထဲနေတဲ့မေမေတောင် သိတာမဟုတ်ဘူး.."ဟောဗျာ...တကယ်ပြောတာ ကလေးရဲ့...
"အ့ဆို..ပြော...ကလေးဘာလို့ korea သွားချင်ရတဲ့
အကြောင်းရင်း..."အ့တာက....ဟို..ဟို....
"ကိုကို ......"
"ဟားဟား..စတာပါကွာ...သေချာနားထောင်နော်..
ကိုကိုပြောတာ..မှန်လား.မှားလားဆိုတာ..."မှားကြည့်...ကိုကို့ကို လေယာဉ်ပေါ်က ပစ်ချခဲ့မယ်..
"လုပ်ရက်တော့မယ်ပေါ့"
"😒😒😒"
"ကလေး korea သွားချင်ရတဲ့အကြောင်းအရင်းက
ဟန်မြစ်ကိုသွားချင်လို့မလား...ဘာကြောင့်လဲဆိုတော့
ကလေးက runningman fan လေ...
သူတို့ဟန်မြစ်ကိုစက္ကူလှေနဲ့ဖြတ်တဲ့အပိုင်းကိုကြည့်ပြီး
ဟန်မြစ်က ဘယ်လောက်အေးကြောင်း..
ဘယ်လောက်ကျယ်ကြောင်းသိချင်နေတာလေ..
အ့တာကြောင့်သွားချင်တာမလား...မှန်လား..
ကိုကိုပြောတာ..."ဟင်..အ့အကြောင်းကို..ကိုကိုက ဘယ်လိုသိနေတာလဲ..
"ကလေးရယ်..ကလေးနဲ့လက်မထပ်ခင်ကတည်းက
ကိုကိုကအမြဲ ကလေးကိုအရိပ်တကြည့်ကြည့်နဲ့ကြည့်နေ
ခဲ့တာပါကွာ..ပြီးတော့ ကလေးကြည့်ချင်တဲ့
runningman ခွေတွေကို အပိုင်း ၁ကနေ
အခုထိထွက်တဲ့အပိုင်းတွေအားလုံး ကိုကိုဘဲဝယ်ပေး
ခဲ့တာလေ..ကလေးက runningman ကြည့်တိုင်း
ဟန်မြစ်သွားချင်တယ်ဘဲ ပြောနေခဲ့တာ..ကလေးက
သတိမထားမိပေမယ့် ကိုကိုက သတိထားမိတယ်လေ.

BẠN ĐANG ĐỌC
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Lãng mạnမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)