Zawgyi....
တော်ဝင်လည်း မိမိရှိရာအပေါ်ထပ်ကို ကြည့်ပြီး
မျက်နှာညှ်ိုးသွားသော ကိုကို့ ကိုကြည့်ပြီး လိုက်ကာ
နောက်ကွယ်မှကြည့်ပြီး ရင်ထဲမကောင်းလှပါ။ကိုကိုမျက်နှာညှ်ိုးရင် တော်ဝင်လည်းရင်နာပါသည်။
သို့သော် လူဆိုးကြီးကိုတော့အပြစ်ပေးချင်သေးသည်။"ချစ်သူဘဝမှာရမယ့် romance လေးတွေကိုကျော်ပြီး
ချက်ချင်းလက်ထပ်ချင်တဲ့လူကြီး..ဟွန့်..."တော်ဝင်လည်းစဉ်းစားနေစဉ်မှာဘဲ အခန်းတံခါးခေါက်သံ
ကြားရသောကြောင့် ဖွင့်ပေးလိုက်သည်။"တော်ဝင်..သားကို.မေမေပြောစရာရှိတယ်
ထည်ဝါပြောတယ် မဂ်လာဝတ်စုံသွားကြည့်မယ်တဲ့.
အ့တာလိုက်သွား..."ဟာ..မေမေကလည်း ရုံးတက်လက်မှတ်ထိုးရုံဘဲကို
ဘာဝတ်စုံတွေကြည့်အုံးမလို့လဲ..."ဟဲ့..သူများက အမြင့်ဆွဲတင်တာကို
ခုန်ခုန်မဆင်းနဲ့..နင့်ကိုတန်ဖိုးထားလို့လေ..
့် ဟင်းရွက်ကန်စွန်းလို ဖြစ်ချင်နေတယ်လား..
တော်တော်ဈေးပေါချင်နေတယ်..."သားက ပိုက်ဆံပိုကုန်မှာစိုးလို့ပါ.."
"ဟဲ့..နင့်ပိုက်ဆံလား...ထည်ဝါပိုက်ဆံလေ...
အော်...မေမေသိပြီ..ငါ့သားလေးက
ခုထဲက မောင်တစ်ထမ်းလင်တစ်ရွက် တာဝန်တွေ
ယူချင်နေပြီလား...သိတယ်နော်...ဟားဟား...
မလိုချင်လို့သာဘဲနော်...ဟင်းဟင်း..."မသိဘူးဗျာ...မနက်ဖြန် သားမသွားဘူး..ဒါဘဲ..
"အ့တာဆို နင်လည်းအဝတ်ထုတ်ပြင်..ဒါဘဲ...
"မေမေ........."
"အော်မနေနဲ့..ငါနားကောင်းတယ်..တော်ဝင်..
"မေမေကလည်းဗျာ...
"မေမေကလည်းမဗျာဘူး..မေမေကလည်းမရှင်ဘူး..
သွားဆိုသွားရမယ်..ဒါဘဲ...
ပြီးတော့ နင့်ကိုသိပ်ချစ်လွန်းလို့ အလျော့ပေးနေတဲ့သူကို
နင်သိပ်မနိုင်နဲ့နော်...ထည်ဝါခင်မျာ မျက်နှာသိပ်မကောင်း
ဘူး...
YOU ARE READING
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Romanceမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)