Zawgyi..
ဒီနေ့ ထည်ဝါ စောစောစီးစီးထပြီး ကလေးအတွက်
မနက်စာကိုကိုယ်တိုင်ပြင်ပေးနေလိုက်သည်။
အလုပ်သမားတွေအကုန်လုံးကို အလုပ်သမား
တန်းလျားမှာဘဲ နေစေလိုက်သည်။
ခဏနေတော့ ထည်ဝါရဲ့နောက်ကျောမှနေပြီး
ထည်ဝါရဲ့ခါးကို လာရောက်ယှက်နွယ်တဲ့
လက်ကလေးနှစ်ဖက်.."ကိုကို..ဘာလုပ်နေတာလဲ.
ကလေးနိုးလာတော့ ကလေးနားမှာလဲမရှိဘူး.."ကိုကိုက ကလေးအတွက် မနက်စာပြင်ပေးချင်
လို့ပါ..အ့ကြောင့် ကလေးနားမှာမနေနိုင်တာ."ဟီး..ကိုကိုက ချစ်ဖို့ကောင်းလိုက်တာ..
တော်ဝင်လည်း ပြောပြီး ကိုကိုရဲ့ကျောပြင်အား
နှာခေါင်းလေးဖြင့် လိုက်နမ်းနေလိုက်သည်။
အမှန်တော့ လည်ပင်းကိုနမ်းချင်တာ..
ခြေဖျားထောက်ပြီး နမ်းရင်တောင် မမှီလို့.."ကလေး..လာဆွနေတာလား..ဟဟ.
"ကလေး..ဆွနေရင်ရော..ကိုကိုက မယူဘူးလား.
ဟင်..ထည်ဝါရဲ့နောက့်ကျောကနေ ညူတုတုအသံလေး
ဖြင့်ပြောနေသော ကလေး၏စကားများသည်
ထည်ဝါအတွက်ရင်ခုန်လှိုက်မောဖွယ်ကောင်းနေသည်။"ဟင့်အင်း..မယူချင်ဘူး.
ထည်ဝါလည်း အ့လိုပြောလိုက်ရော ခါးကိုဖက်ထား
တဲ့လက်လေးတွေကိုဖြုတ်ပြီး ကော်ဖီဖျော်နေတဲ့
ထည်ဝါလက်မောင်းတွေကြားဝင်လာလေသည်။
ပြီးနောက်ထည်ဝါကို မျက်မှောင်လေးကြုတ်ကာ
မော့ကြည့်နေသောကြောင့် ထည်ဝါလည်း
ပြန်ပြီးငုံ့ ကြည့်ပေးလိုက်သည်။
ကလေး အရမ်းမော့ကြည့်နေရင် ဇာတ်ကြောနာမှာစိုးလို့။"ကိုကို..ကလေးကိုမချစ်တော့ဘူးလား..
နောက်ပိုင်း ကိုကို ကလေးကိုသိပ်ပြီး.
မထိတွေ့တော့ဘူး..ဘာလဲ..ငြီးငွေ့သွားလို့လား.ဟင့်.ပြောရင်းမျက်ရည်တွေကျလာသော ကလေးကြောင့်.
ထည်ဝါလည်း အလျင်အမြန်ချော့ရလေတော့သည်။
YOU ARE READING
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Romanceမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)