Zawgyi.. .....
ထည်ဝါလည်း တော်ဝင်နဲ့အတူ ဝတ်စုံသွားရွေးရန်
အတွက် ကားမောင်းပြီးသာ တော်ဝင်ရဲ့အိမ်သို့
ထွက်ခဲ့လိုက်သည်။"အန်တီရေ...တော်ဝင်ပြင်ဆင်လို့ပြီးသွားပြီးလား..
"မသိပါဘူး..ထည်ဝါရယ်..
မနက်ကတည်းက ခုချိန်ထိမဆင်းလာဘူး....
ဘာလုပ်နေမှန်းမသိ..."ဟင်...ဟုတ်လား...အန်တီ..
တော်ဝင်နေများမကောင်းလို့လားမသိဘူး...""ဘာမှနေမကောင်းမဖြစ်ဘူး...မနေ့ကတည်းက
အကောင်းကြီး..ဒင်းလေးဘာအချိုးချိုးနေလဲဆိုတာ
အန်တီသိတယ်..အ့ကြောင့်သွားတက်မခေါ်တာ..."ဟင်..ဘာကိုပြောချင်တာလဲ..အန်တီ.."
"ဘာမှမဟုတ်ဘူး..မင်းကိုဂျစ်တိုက်ချင်နေတာ...
သွားမခေါ်နဲ့..လာမခေါ်ရင်သူ့ဟာသူဆင်းလာလိမ့်မယ်.."ဟို..."
"အေးဆေးနေပါ..ထည်ဝါရယ်...
အန်တီသားအကြောင့်းအန်တီသိတယ်...မပူစမ်းပါနဲ့..
မင်းအ့လိုသူ့ကိုအလိုလိုက်နေလို့ သူနိုင်ချင်တိုင်းနိုင်
နေတာ..."ရပါတယ်...အန်တီရယ်..
ကျွန်တော်အတင်းလက်ထပ်လိုက်လို့ အေးစက်သွားတဲ့
ဆက်ဆံရေးထက် ...တော်ဝင်ကျွန်တော်ကိုအရွဲ့တိုက်
ပြီးအနိုင်ယူနေတာဘဲ ကျေနပ်ရမှာပါ..တစ်သက်လုံး
ဆိုရင်တောင်ကျွန်တော်က ကျေကျေနပ်နပ်ကြီးကို
အနိုင်ကျင့်ခံသွားမှာ..."မင်းတော်တော်ဖြစ်နေလို့...
သူလည်းတော်တော်အနိုင်ယူနေတာ..."ထည်ဝါ မချိ ပြုံးလေးသာပြုံးလိုက်သည်။
မင်းလေးကိုယ့်အပေါ်မှာအနိုင်ယူစမ်းပါစေ
ကိုယ့်အချစ်တွေနဲ့အနိုင်ယူချင်မိတယ်...ထည်ဝါလည်း တော်ဝင်အား အန်တီမခေါ်ခိုင်းတာကြောင့်
သွားမခေါ်ဘဲနဲ့သာစောင့်နေလိုက်သည်။
သို့သော် မနက်ကတည်းက ထည်ဝါရောက်နေတာ
နေ့လည်ပင်ရောက်တော့မည်။တော်ဝင်မဆင်းလာပါ။
YOU ARE READING
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Romanceမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)