Zawgyi....
တော်ဝင်နိုးလာသောအခါတွင် အနားယူလိုက်ရ၍ထင်
တစ်ကိုယ်လုံးပေါ့ပါးပြီးလန်းဆန်းနေသည်။
တော်ဝင်ရဲ့ဘေးတွင်အိပ်ပျော်နေသောကိုကို့အား
ကြည့်ပြီးတော်ဝင်မျက်နှထက်၌လှပသောအပြုံးတစ်ပွင့်
လည်းပွင့်ဖူးနေသည်။တော်ဝင်လည်း ကိုကို့မျက်နှာထက်ဝဲကျနေသော
ဆံပင်များကိုလက်လေးဖြင့်အသာအယာသပ်တင်
လိုက်ပြီးကိုကိုရဲ့ချောမောတဲ့မျက်နှာလေးကို
တစ်စိမ့်စိမ့်ထိုင်ကြည့်နေမိသည်၊။ကိုကိုသည် အရမ်းခန့်ညားပြီးချောမောသည့်ယောကျာ်း
မျိုးဖြစ်သည်။
မေမေပြောသလိုပင် ကိုကိုဘေးနားတွင်ဝိုင်းဝိုင်းလည်
နေသောမဒီပျိုမေချောချောလေးတွေရှိပါလျက်နဲ့ကိုကို
သည်တော်ဝင်ကိုသာရွေးချယ်ခဲ့သည်၊
တော်ဝင်ကိုလည်း သူမတူသော ချစ်ခြင်းမျိုးနဲ့ချစ်ပေး
သည်။တော်ဝင်လည်းအိပ်ပျော်နေသော ကိုကိုရဲ့နှုတ်ခမ်းလေး
ကိုခဏလေးဖိနမ်းလိုက်ပြီး.."သိပ်ချစ်တယ် .ကိုကို...
ကိုကို့ကို ကလေးဘယ်တော့မှမထားသွားဘူး..."အင်း...ကိုကိုယုံတယ်...
"ဟင်...ကိုကိုနိုးနေတာလား...
"ဒါပေါ့..ဆံပင်လေးကိုလက်နဲ့သပ်တင်ပြီး
ခိုးနမ်းနေတဲ့အချိန်ကလို့ပြောရမလား..ဒါမှမဟုတ်..
ချစ်တယ်လို့ပြောနေတဲ့အချိန်ကလို့ပြောရမလား..
ဟားဟား..."အာ..အစုတ်ပလုတ်ကြီး...
"ကိုကိုလည်းချစ်တယ်ကွာ..လာထား..ရွှတ်..ပြွတ်စ်..
ထည်ဝါလည်း ထကာခါ မျက်လုံးမို့အစ်အစ်လေးနဲ့
ကလေးကိုအသည်းယားလွန်းလို့ ပါးပြင်လေးကို
မွှေးကြူလိုက်ပြီး နှုတ်ခမ်းလေးကိုပြွတ်စ်ခနဲမြည်အောင်
နမ်းလိုက်သည်။
ကလေးကတော့ အရှက်သည်းစွာခေါင်းလေးငုံထားလေရဲ့။
ချစ်လိုက်တာ.ကလေးရာ...
VOUS LISEZ
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Roman d'amourမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)