Zawgyi....
"အိုကေ...ကိုကို..ချီသွားပေးမယ်..
ဒါပေမယ့် လှေတော့မစီးရတော့ဘူးနော်..
ဒီအခြေအနေနဲ့ဆို စက္ကူလှေလုပ်လို့မရလောက်ဘူး..
ကလေးရဲ့..."ကလေးသိပါတယ်..ကိုကိုရယ်.
ကိုကိုစိတ်ပူမှာဆိုးလို့လေယာဉ်ပေါ်မှာထဲက
မစီးဘူးလို့ဆုံးဖြတ်ထားပြီးသားပါဗျာ..."ကိုကိုကြောင့် ကလေးလုပ်ချင်တာတွေမလုပ်ရတော့လို့
ကိုကိုတောင်းပန်ပါတယ်နော်.."မဟုတ်တာ..ကိုကိုက ကလေးကိုချစ်လို့ဆိုတာသိတယ်
လေ..ကိုကိုရယ်.."လိမ်မာတုံးလေး...ချစ်လိုက်တာ...
"ဟီးဟီး...
ထည်ဝါလည်း ကလေးကို ဟန်မြစ်သို့လိုက်ပို့ပေးလိုက်
သည်။လမ်းညွှန်ဦးလေးကြီးလည်းပါသည်။
တော်ဝင်စကားအတိုင်း အေဂျင်စီက အသက်ကြီးကြီး
ဦးလေးအရွယ် လမ်းညွှန်သာထည့်ပေးလေသည်။"လူလေးတို့...ဟန်မြစ်ကိုရောက်ပြီနော်..
"ဟုတ်ကဲ့ပါ..ဦးလေး...
"ဦးလေး.ဟိုနားလေးမှာစောင့်နေမယ်..
လေညှင်းခံပြီးရင် ခေါ်လိုက်နော်..."ဟုတ်ကဲ့..
ထည်ဝါလည်း ကလေးရဲ့ကိုယ်လုံးလေးကိုပွေ့ချီလိုက်ပြီး
ဟန်မြစ်ရဲ့တစ်နေရာ၌ဖြေးဖြေးသာသာလမ်းလျှောက်သွား
လိုက်သည်။ပြီးမှ ထိုင်စရာနေရာလေးရှာပြီး ကလေးကို
ထည်ဝါပေါင်ပေါ်၌သာထိုင်စေလိုက်သည်။"ကိုကို..ကလေး..လေးနေလားဟင်..
ကိုကို့တစ်ကိုယ်လုံးနာနေလောက်ပြီ..
ကလေးကိုချီရလွန်းလို့..."မဟုတ်တာ..ကိုကိုက.ကလေးကိုပွေ့ထားရတာကို
ပျော်နေတာ..ကလေးက ယောက်ျားလေးတစ်ယောက်
မို့ ကိုကိုက ကလေးကို အရမ်းနုယွနေရင် ကလေး
အတွက်အဆင်မပြေမှာတောင် စိုးရိမ်နေတာ..
ကလေးကို နေ့တိုင်းပွေ့ချင်လို့ ညတိုင်းချစ်ရရင်ကောင်း
မယ်..ဟီးဟီး...
YOU ARE READING
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Romanceမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)