Zawgyi..
ထည်ဝါလည်း လူလွှတ်ပြီးစုံစမ်းခိုင်းထားတာကြောင့်
ထိုတိရစ္ဆာန်ကောင်တွေကိုမိထားသော လူသူဝေးသည့်
မြို့ပြင်က စံအိမ်ကိုသာ ထွက်လာခဲ့လိုက်သည်။
တော်ဝင် တံခါးဖွင့်လိုက်သည့်အချိန်တွင် ဒူးများတုန်ကာ
ကြောက်နေသောထိုတိရစ္ဆာန်တွေနားကိုတိုးသွားလိုက်
သည်။"ကျွန်တော်..တို့..တောင်းပန်ပါတယ်..
ကြောက်ပါပြီ..လွှတ်ပေးပါနော်...ထည်ဝါလည်း ခိုင်းထားသောကြေးစားများဘက်ကို
လှည့်ပြီး.."မင်းတို့ သူတို့ကို ဘာလုပ်ထားတာလဲ..
ငါပြောထားတယ်မလား..သူတို့ကိုကြောက်အောင်
မလုပ်ပါနဲ့....အုံးးး....လို့...နောက်ဆုံးမလုပ်ပါနဲ့အုံးဆိုသော နေရာ၌ ထည်ဝါ
လေသံကိုဖိပြောလိုက်သည်။ထိုတိရစ္ဆာန်တွေကတော့
ပိုပြီးတောင်ကြောက်ဒူးတုန်လာလေသည်။
သူတိုစိတ်ထဲမှာတော့ ကြေးစားနဲ့လက်ထဲမှာသာ
ခံလိုက်ချင်သည်။ထိုလူလက်ထဲမှာတော့ ကြေးစား
တွေထက်ပိုဆိုးနေမည်ကိုခံစားနေမိကြသည်။"ကျွန်တော်တို့ဘာမှမလုပ်ပါဘူး..
သူတို့ဘာသာအခြေအနေကိုနားလည်ပြီးကြောက်နေ
တာပါ..."ဟက်..ကြောက်နေတယ်ပေါ့လေ..ခုမှပေါ့လေ..
ဟားဟား...ဟားဟား...ထည်ဝါရဲ့ခြောက်ကပ်ဖွယ်ရယ်သံကြီးကြောင့်
ဖမ်းခံထားရသော လူငယ်လေးတွေသာမက
ကြေးစားများပင်ကြက်သီးထလာမိသည်။"ငါဘာပြောခဲ့သလဲ..ပြေးထားလို့ငါကြိုသတိပေး
ခဲ့တယ်နော်..ခွေးတွေရဲ့...
မင်းတို့မပြေးတော့ ငါလည်းမတတ်နိုင်ဘဲဖမ်းမိသွား
တယ်အ့တော့ မသတ်ချင်လည်းသတ်ရတော့မယ်..ထည်ဝါရဲ့ထစ်ငေါ့နေသောစကားများကြောင့်ထိုခွေးတွေ
မှာမျက်ရည်များပင်ကျလာကြပြီးတောင်းပန်စကားတွေ
ကိုသာတွင်တွင်ဆိုလာကြလေသသည်။
YOU ARE READING
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Romanceမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)