Zawgyi.....
ကျွန်တော်နာမည်က ထည်ဝါလွန်းပါ
ကျွန်တော်ဘေးအိမ်မှာရှိတဲ့ကောင်လေး
ကိုငယ်ငယ်ကတည်းက ညီတစ်ယောက်လို
ချစ်ခင်ပြီးပြုစုစောင့်ရှောက်ပေးခဲ့ပေမယ့်
ထိုကောင်လေးအရွယ်ရောက်လာတဲ့အချိန်မှာ
ကျွန်တော်ရဲ့စိတ်တွေ အရောင်ပြောင်းခဲ့တယ်။သူလေး မိန်းကလေးတွေနဲ့တွဲသွားတွဲလာလုပ်တာ
ကိုချုပ်ချယ်ချင်လာတယ်။သူလေးကို အိမ်မှာ
သော့ပိတ်ပြီးသိမ်းထားချင်လောက်တဲ့ထိဖြစ်လာတယ်။အ့လိုစိတ်တွေဖြစ်လာတိုင်းကျွန်တော် သူလေးရဲ့အိမ်ကို
မသွားဖြစ်တော့ဘူး။စိတ်ထဲရှိတဲ့အတိုင်းလုပ်မိရင် သူလေး
ကျွန်တော်ကိုကြောက်ပြီး ရှောင်ဖယ်လာမှာစိုးရိမ်လို့ပါ။သူလေးကတော့ကျွန်တော်အိမ်ကိုမလာရင် သူလေးက
အရင်လာပြန်ခေါ်တယ်။အ့လိုအချိန်လေးဘဲ ခေါ်တာပါ။
ကျန်တဲ့အချိန်ဆို ကျွန်တော်ချည်းဘဲ အလိုလိုက်ရတာ။
အလိုက်ရရင်လည်း ထည်ဝါတို့က ပျော်နေတာပါဘဲ။နောက်ပိုင်းတော့ သူလေး မိန်းကလေးသူငယ်ချင်းတွေ
နဲ့ပေါင်းတာမတွေ့ရတော့ဘူး။ ဘာကြောင့်လဲတော့
ကျွန်တော်လည်းမသိဘူး။ဒါပေမယ့် ထည်ဝါဆိုတဲ့
ကျွန်တော်ကတော့ ပျော်တာပေါ့။ကျွန်တော့်မိဘတွေ လွန်ခဲ့တဲ့နှစ်က ဆုံးသွားတာ
ကြောင့်ကျွန်တော်မှာ မိဘ ကုမ္ပဏီကိုဝင်ဦးစီး
လုပ်ကိုင်ရသည်။ကျွန်တော်ရဲ့တော်ဝင်ဆိုတာ
ကလည်းအရွယ်ရောက်လာတာနဲ့အမျှ လှရက်နိုင်
လွန်းတယ်။တောင်ကုန်းပြေပြေလေးတစ်ခုလို မို့မောက်နေတဲ့
မျက်ခုံးနှစ်ဖက် ဝိုင်းဝိုင်းလေးနဲ့ကျယ်တဲ့ မျက်ဝန်းလေး
တွေ ဖြောင့်စင်းနေတဲ့နှာတံလေးရယ် နှင်းဆီးနီလို
ရဲနေတဲ့နှုတ်ခမ်းသားလေးတွေရယ် ဖြူဖွေးတဲ့အသား
အရေလေးတွေ ၅ပေ ၃အောက်အရပ်လေးနဲ့
လူတိုင်းကို ချစ်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့
အလှနဲ့ကောင်လေးတစ်ယောက်ဖြစ်လာတယ်။
BINABASA MO ANG
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Romanceမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)