🌸အပိုင်း(၃၃)🌸

6.2K 475 32
                                    

Zawgyi....

ထိုလူမိုက်​များမှာလည်း ထည်​ဝါရဲ့ပုံစံကို​ကြည့်​ပြီး
ကြက်​သီး​မွှေးညင်း​တွေပင်​ထလာ​သော​ကြောင့်
အများနှင့်​တစ်​​ယောက်​ဆိုတာကိုပင်​ ​မေ့ပြီး
ခြေကုန်​သုတ်​​ပြေးကြ​လေသည်​။

ထည်​ဝါလည်း ​မေ့​မြော​နေ​သော က​လေးရဲ့ကိုယ်​လုံး
လေးကိုစိုက်​ကြည့်​ပြီးမျက်​ဝန်း​တွေကလည်းမျက်​ရည်
တွေမကျမိဘဲ​တော်​ဝင်မျက်​နှာ​လေးကို​ကြောင်​ပြီးသာ
ကြည့်​​နေမိသည်​။ပါးစပ်​မှလည်း ဘာစကားသံမှမထွက်
လာဘဲ နှုတ်​ခမ်းများကိုသွားနဲ့ကိုက်​ပြီးတင်းတင်း​စေ့ထား
မိသည်​။

ခဏ​နေ​တော့ ​ဆေးရုံကား​ရောက်​လာ​သော​ကြောင့်
ထည်​ဝါ က​လေးရဲ့ကိုယ်​လုံး​လေးကို​ပွေ့ချီလိုက်​ပြီး
ဆေးရုံကား​ပေါ်တင်​လိုက်​သည်​။ပြီးမှ က​လေး​ဘေး
မှာထိုင်​လိုက်​ပြီးက​လေးရဲ့လက်​​လေးကိုမလွတ်​တမ်း
ဆုပ်​ကိုင်​ထားလိုက်​သည်​။
ထည်​ဝါ​ဘေးက အန်​တီမှာလည်း..

"ထည်​ဝါ..ငိုချင်​ရင်​ငိုလိုက်​ပါ..ဒီလိုကြီးမ​နေပါနဲ့..
သားသိရင်​လည်းစိတ်​မ​ကောင်းဘဲ​နေလိမ့်​မယ်​..

"ကျွန်​​တော်​မငို​သေးဘူး..အန်​တီ..
လုပ်​လက်​စ​လေးရှိ​သေးတယ်​..အ့ကိစ္စပြီးသွားမှ
က​လေးကိုကျွန်​​တော်​ကိုယ်​တိုင်​​တောင်းပန်​ပြီး
က​လေး​ရှေ့မှာဘဲ ကျွန်​​တော်​ငိုမယ်​..
က​လေးကိုယ်​တိုင်​ ကျွန်​​တော့်​မျက်​ရည်​​တွေကို
သုတ်​​စေချင်​လို့ပါ..အန်​တီရယ်​...

ဒေါ်နန်း​တော်​ဝင်​လည်း သား​ရော သမက်​​ရော​ပါ
ကြည့်​ပြီးစိတ်​မ​ကောင်း​ပေ။သား​ရေ
မြန်​မြန်​​နေ​ကောင်းလာ​နော်​ မဟုတ်​ရင်​ သားကိုကို
ဘယ်​လိုဖြစ်​သွားမလဲမသိနိုင်​ဘူးကွယ်​။တော်​​သေးသည်​က
ဒေါ်နန်း​တော်​ဝင်​တရားစခန်းဝင်​ချိန်​မှပြန်​​ရောက်​​နေတာ
ကြောင့်​သားကိုပြုစုဖို့အဆင်​​ပြေသွားသည်​။

တော်​ဝင်​​ဆေးရုံ​ရောကိတဲ့အခါ ​သွေးလွန်​​နေတာ​ကြောင့်
opreation ခန်းထဲသို့ဝင်​ရ​လေသည်​။
ထည်​ဝါ ခွဲခန်း​ရှေ့မှာ လက်​သီးကိုကျစ်​ကျစ်​ပါ​အောင်
စုပ်​ပြီး ငိုချင်​စိတ်​ကိုထိန်းကာ စိတ်​ပူစွာနဲ့​စောင့်​​နေမိသည်​။

🌸ကိုယ့်​ရဲ့စိတ်​ဝိဥာဉ်​လေး🌸(complete)Where stories live. Discover now