Zawgyi....
"ကိုကို...မေ့ပစ်လိုက်ရအောင်.....
"ဟင်..ကလေးနိုးလာပြီးလား..
ကျေးဇူးတင်ပါတယ်....နိုးလာပေးလို့....တော်ဝင်လည်း တော်ဝင်စကားကိုမကြားဟန်ဆောင်
နေသောကိုကို့ကိုထပ်ပြီးပြောလိုက်သည်။"ကိုကို...
"တိတ်တော့..ကလေး..စကားအများကြီးမပြောနဲ့..
အားနည်းနေတယ်လေ..ကလေးက...
မပြောနဲ့တော့နော်..လိမ်မာတယ်....ထည်ဝါလည်း မေ့ပစ်ရအောင်လို့ပြောနေတဲ့ကလေးရဲ့
စကားကိုမကြားချင်တာကြောင့် ကလေးပြောတဲ့စကား
များကိုတမင် ကြားဖြတ်ပြီးသာပြောလိုက်သည်။
ကလေးရယ် ကိုကိုမခံစားနိုင်လို့ပါကွာ
မင်းလေးက ပြောထွက်ရက်ပေမယ့် ကိုကိုက
မကြားချင်ယောင်သာဆောင်ပါရစေ။
သိပ်ချစ်လို့ပါ ကလေးရယ်တော်ဝင်လည်း တော်ဝင်စကားများကိုမကြားချင်ယောင်
ဆောင်နေပြီး တော်ဝင်အား စောင်ခြုံပေးနေတဲ့ကို့ကိုရဲ့
လက်လေးကိုလှမ်းကိုင်လိုက်ပြီး"ကိုကို...
တော်ဝင်ကိုင်ထားသောလက်အား ချက်ချင်းဖြုတ်ချကာ
"ကလေး..ပြောစရာရှိရင်နောက်မှပြောနော်...
ကိုကို..ကလေးအတွက် စားစရာလာပို့ခိုင်းလိုက်အုံး
မယ်....ထည်ဝါကလေးစကားအား မကြားချင်တာကြောင့်
ကလေးလက်လေးအားဆွဲဖြုတ်ကာ ဝရံတာသို့သာ
ထွက်ပြီးကျချင်နေသောမျက်ရည်များကိုကျဆင်းခွင့်
ပေးလိုက်သည်။ပြီးမှ မျက်ရည်များကို သုတ်လိုက်ပြီး
ဟိုတယ် reception ကိုဖုန်းဆက်ပြီးကလေးအတွက်
အဆင်ပြေမယ့် အစားအစာအသောက်များကိုသာ မှာနေ
လိုက်သည်။ထည်ဝါအစားးအသောက်တွေမှာနေတုန်း ထည်ဝါ
နောက်ကျောအား လာရောက်ပွေ့ဖက်သော
ခပ်နွေးနွေးလက်တစ်စုံအား ထည်ဝါခံစားလိုက်ရသော
သည်။ထည်ဝါလည်း လှည့်ကြည့်ရန် ကလေးလက်လေးကို
ဖြုတ်သော်လည်း ဖြုတ်ခွင့်မပေးသောကလေးကြောင့်
ထည်ဝါလည်းငြိမ်လိုက်ရသည်။
YOU ARE READING
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Romanceမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)