Zawgyi......
ထည်ဝါလည်း တော်ဝင်နဲ့လက်မှတ်ထိုးပြီးတာနဲ့
တော်ဝင်ရှေ့မှာ ဒူးထောက်ချလိုက်ပြီး"ကလေး..ကိုကိုမပြောရဲလို့ တော်ဝင်ကိုအရယူပြီး
မှပြောရတဲ့အတွက် တောင်းပန်ပါတယ်နော်..
ကိုကိုပြောလိုက်လို့ တော်ဝင်လက်မခံရင်တောင်
တော်ဝင်ကို ကိုကိုရဲ့အရိပ်အောက်မှာထားပြီး
ကိုကိုစောင့်ရှောက်ချင်လို့ အရင်လက်ထပ်ခဲ့တာပါ...
ကိုကို.ကိုစိတ်တော့ နာမသွားပါနဲ့နော်...
အ့တာက..ဟို..လေ..ဟို..လေ..ဟို.ဟို...တော်ဝင်လည်းပြောစရာရှိတာမပြောဘဲ ကွေ့ဝိုက်ပြီး
ပြောနေတဲ့ ကိုကို့ ကို တရုတ်နိုင်ငံက
မဟာတံတိုင်းလောက်ရှည်အောင် စိတ်ကို.ဆွဲဆန့်ထားရသည်။တော်ဝင်တို့ကို အသိသက်သေလုပ်ပေးတဲ့တရားသူကြီး
လည်းနာရီတကြည့်ကြည်နဲ့ကိုကို့ကိုစိတ်ရှည်ပြီးစောင့်
နေသည်။ထထွက်သွားရင်လည်းမကောင်းတတ်သော
ကြောင့်ဖြစ်မည်။"ဟို...ဒီက သတို့သား မြန်မြန်လေးပြောလိုက်ပါလား..
လက်တောင်ထပ်ပြီးပြီဘဲ.ခုမှချစ်စကားပြောဖို့အရေးကို
ဘာတွေတုံဆိုင်းနေတာလဲ..ဟိုက သတို့သားလည်း
ကျွန်တော်ကြည့်ရတာ တော်တော်စိတ်မရှည်တော့တဲ့ပုံဘဲ.."တော်ဝင် ကိုကိုမင်းကို အရမ်းချစ်တယ်.."
"Woww..ပြောမဲ့ပြောတော့လည်း.တအားမနှေးလွန်းဘူးလား..ဟားဟားဟား.......
"ဟာ..တရားသူကြီးကလည်း..မြန်မြန်ပြောဆို...
"ဟားဟား...ဟုတ်ကဲ့ပါဗျာ...ဟားဟား..
တရားသူကြီးကတော့ အူတက်အောင်ရီနေလေသည်။
တော်ဝင်ကတော့ အမြဲမျှော်လင့်နေခဲ့ရတဲ့ စကားလေးကို
ကြားလိုက်ရတာကြောင့် ရင်ထဲမှာပြောမပြတတ်အောင်
ပျော်ရွှင်ပြီး မျက်ရည်များပင် ကျလာခဲ့သည်။
စကားလည်းပြောချင်ပေမယ့် နှုတ်ခမ်းဟလိုက်တာနဲ့
ရှိုက်သံလေးတွေသာ ထွက်လာသည်။
![](https://img.wattpad.com/cover/234984802-288-k182348.jpg)
YOU ARE READING
🌸ကိုယ့်ရဲ့စိတ်ဝိဥာဉ်လေး🌸(complete)
Romanceမင်းလေးဆိုးသမျှကိုယ်ခံပါ့မယ်ထားတော့မသွားပါနဲ့ (ထည်ဝါလွန်း) ချစ်ပါတယ်လို့မပြောဘဲ အပိုင်သိမ်းခဲ့တဲ့ခင်များကိုကျွန်တော့် ခံစားချက်တွေပေးမသိနိုင်ဘူး ( ဝဏ္ဏတော်ဝင်)