My Note

2.2K 113 26
                                    

ဒီ မျက်ကန်းမြစ်ကို ၂၀၁၄ တုန်းက သူငယ်ချင်းတစ်ယောက်အတွက်ရေးပေးတာပါ။ ဇာတ်မသိမ်းပဲ နှစ်အကြာကြီးရှိနေခဲ့တဲ့အတွက် ဖတ်ခဲ့ပေးတဲ့သူအားလုံးကို အားနာခြင်းများစွာနဲ့ တောင်းပန်ပါတယ်။ စိတ်အခြေအနေကောင်းနေရင်လဲ ရေးမရသလို အရမ်းဆိုးနေရင်လဲ ရေးမရတဲ့ ဇာတ်လမ်းမို့ ပစ်ထားခဲ့မိပါတယ်။

အခု ၂၀၂၀ မှာ ဇာတ်သိမ်းအထိရေးပြီးခဲ့ပါပြီ။ ဇာတ်လမ်းအစကနေလဲ တချို့နေရာတွေပြန်ပြင်ထားပါတယ်။ တစ်ရက်ကို တစ်ပိုင်းနှုန်းနဲ့ ဇာတ်သိမ်း ၁၂ ပိုင်းအထိ ၁၂ ရက်တိတိ တင်ပေးသွားမှာပါ။ Zawgyi နဲ့ Uni တပိုင်းစီတင်ပါ့မယ်။

စာအုပ်လဲထုတ်ဖို့ စိတ်ကူးထားပါတယ်။ ဖတ်တဲ့သူနည်းလည်း ထုတ်မှာပါ။ ကိုယ်ထုတ်ချင်တဲ့စာအုပ်မို့ပါ။

ဒီ fic ကိုဖတ်တဲ့ စာဖတ်သူတွေဆီက ခံစားချက် Feedbackတွေကိုလဲ သိချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

စာရေးတဲ့နာမည် Candy Cho ဆိုတာကို ကိုယ်လဲမကြိုက်ပါဘူး။ အောတယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဘာနာမည်မှစဥ်းစားမရ နာမည်ရင်းနဲ့လဲမရေးချင်လို့ အိမ်နာမည်နဲ့ နာမည်အရင်းကိုရောမွှေလိုက်တာပါ။ မျက်ကန်းမြစ်ကိုတော့ Candy Cho ဆိုတဲ့ နာမည်နဲ့ထုတ်ရမှာ ရထားတစ်လမ်း သံတစ်လမ်းလိုပါပဲ 😑

မျက်ကန်းမြစ်Where stories live. Discover now