"ဟေ့..ကိုကိုရေ ..
စိတ်ဆိုးပြေပြီလား..""ကိုကိုရေ..မင်းအိမ်
ငါ လာခဲ့လို့ရမလား.."ဒီနေ့ဟာ ကျောင်းပိတ်ရက်ဖြစ်ပေမယ့်လို့
ဝမ်ရိပေါ်တစ်ယောက်
မနက်မိုးလင်းကတည်းက
အသံနဲ့နှိပ်စက်နေခဲ့တာ ဖြစ်တယ်..။ခေါင်းအုံးတစ်လုံးယူပြီး
နားကို ဖိပိတ်ထားပေမယ့်လို့
အသံဩကြီးဟာ
နားဝ အထိ လာရိုက်တယ်..။သည်းညည်းမခံနိုင်တော့တဲ့အဆုံး
သူ ခေါင်းရင်းက ပြတင်းပေါက်ကို
ဖွင့်လိုက်တယ်..။တစ်ဖက်ခြံကနေ
သူ့အခန်းရှိရာဘက်
လှမ်းအော်နေပါသော ဝမ်ရိပေါ်..လား လား..
လက်မှာကိုင်ထားတာက မိုက်..။အသက်ကြီးလာလို့
အသံ ပိုကျယ်လာတယ် ထင်မိတာ
မှားခဲ့တာပေါ့..။သူ့ကို ကြည့်လို့ ရယ်ရင်းက
လက်ထဲက မိုက်နဲ့
ထပ်အော်နေသေးတယ် ..။"ကိုကို စိတ်ဆိုးပြေပြီလား
ငါ အိမ်ကူးလာလို့ ရမလား
မားချက်တဲ့ ဒီနေ့ ဟင်းက မကောင်း..""အား..မား..ဘာလို့ ခေါင်းလာထုတာလဲ.."
"နင့် အသံဗြဲကြီးနဲ့
တလမ်းလုံးကြားအောင်................""မား အဲ့လို ခေါင်းထုလို့
ကျနော် ဉာဏ်မကောင်းတော့ရင်............"သူ ပြတင်းပေါက်ကို ပြန်ပိတ်လိုက်ရင်း
တဟားဟား အော်ရယ်လိုက်တယ်..။မားတို့ ငယ်ငယ်တုန်းက
သူတို့လမ်းကို
ဆိတ်ငြိမ်လွန်းပြီး
လေတိုးသံလောက်သာ
အကျယ်ဆုံး ကြားရတဲ့အတွက်
အေးရိပ်ငြိမ် လို့ အမည်တွင်ခဲ့တာတဲ့..။လမ်းရဲ့နာမည်ကို
ပြောင်းပြန်လှန်ရုံတင်မက
လမ်းဆိုင်းဘုတ်ပါ
ဇောက်ထိုးဖြစ်သွားရတာကတော့
ဝမ်ရိပေါ်ကြောင့်ဖြစ်တယ်..။ရိပေါ်ကို သူ စတွေ့တုန်းက
ရိပေါ်အသက် ငါးနှစ်...သူ့အခန်း ပြတင်းပေါက်ကနေ တစ်ဆင့်
တစ်ဖက်ခြံထဲကို လှမ်းကြည့်ရင်း..ပြေးလွှား ခုန်ပေါက်နေတဲ့
ဖြူဖြူလုံးလုံးလေးကို
အသည်းတယားယား ဖြစ်မိတာက
အခိုက်အတန့်မျှသာဖြစ်တယ်..။