"ကိုကိုရေ..နေဖင်ထိုးနေပြီ..ထတော့.."
လုပ်လာပြီ..ပိတ်ရက်ပါဆို
နေဖင်ထိုးရုံမက
ပါးစပ်ကပြန်ထွက်သွားတော့ရော
ဘာအရေးလဲ...။မနေ့က သူ့မှာတော့
အတန်းကုန်လွှတ်တဲ့ထိ တစောင့်စောင့်..။
ဒင်းလေးက ပေါ်မလာဘူး..။စိတ်ပူလို့ အသက်တိုရကြေးဆို
နေ့ချင်းပြန်သေသွားလို့တောင် ရနေပြီ..။သူ့စောင်လှပ်ပြီး
နောက်ကျောဘက်ကနေ
ဝင်အိပ်ပြန်တယ်...။ပြီးတော့
သူ သိလိုက်ပြီ..
သူ အသည်းအယားဆုံးနဲ့
အမြင်ကတ်ဆုံး အလုပ်..။သူ့နားနားကပ်လာပြီး အသံတိုးတိုးလေးနဲ့
"ကိုကို...မင်း...ငါ့ကို စိတ်ဆိုးနေတာလား.."သူ ဝုန်းခနဲထပြီး စောင်ကိုခွာလိုက်တော့
ငနာလေးက ဗိုက်ကိုနှိပ်လို့
ရယ်နေတယ်..။"ရယ်နေလို့ ဘယ်ရမလဲ
ဒီတစ်ခါ မင်းအလှည့်.."ရယ်ရာက ဖျတ်ခနဲထပြေးပေမယ့်
ဘယ်ရမလဲ
သူက ဝမ်ရိပေါ်ဆို
ကိုယ်က ရှောင်းကျန့်လေ..။ဂုတ်က အင်္ကျီစကို လှမ်းဆွဲပြီး
နားနားကပ်လို့
တိုးတိုးလေးပြောလိုက်တယ်..။"အခု ပိုစိတ်ဆိုးတယ်..."
"အာ...တော်ပြီ..တော်ပြီ.."
"နေဦး..."
"ငါအိပ်ရေးမဝရင် ဘာဖြစ်လဲ
သိလား...""အား......တော်ပြီလို့...နားယားလို့.."
ဖတ်ခနဲ ကျောပေါ်ခုန်တက်လိုက်တယ်..။"
ရေချိုးခန်းကို လမ်းလျှောက်ဖို့
အားမရှိသေးဘူး...
အိပ်ရေးမဝလို့..""ပို့ ပို့..လိုက်ပို့..."
"ခြေထောက်တွေက ရှည်လွန်းတယ်..
မင်းကိုယ်က လေးလိုက်တာ...""ဟေ့ကောင်..တမူးပိုရှူမနေနဲ့ အတူတူပဲ.."
ရေချိုးခန်းရှေ့အရောက် သူ့ကိုပစ်ချပြီး
ပြေးဖို့ ကြံတယ်..။"နေဦး...သွားတိုက်ဆေးထည့်ဖို့လည်း.."
"ချီးလိုပဲ..."
မျက်နှာသစ်ရင်း မှန်ကတစ်ဆင့်
မြင်နေရတဲ့ ရုပ်ကိုက စူပွပွ..။