13.💘

1.4K 169 14
                                    

သူ နိုးလာတော့
ရိပေါ်က အိပ်ကောင်းတုန်း..။

ရိပေါ်ဖုန်းဆီက Notiသံကြားရပြီး
ဖုန်းစခရင်လည်း လင်းလာတယ်..။

ဖန်ရှင်းဆီက စာဖြစ်တယ်..။

"မင်း အဲ့တော့ ချစ်တယ်လို့
ပြောပြီးပြီလား..."တဲ့

သူ ဖတ်ရင်းက ပြုံးလိုက်တယ်..။

ဖုန်းစခရင်မှာပေါ်နေတဲ့ Date..

ဒီနေ့က တနင်္လာ...

နေ့အားလုံးရဲ့အစမို့..

ဘာလုပ်လုပ်
အစကပြန်ဖြစ်တယ် တဲ့..။

ရိပေါ်က မျက်လုံးတွေမပွင့်ပဲ
လက်နဲ့လိုက်စမ်းရင်း
သူ့ကိုရှာတယ်..။

သူ ပြန်လှဲလိုက်တော့
သူ့ကိုဖက်လို့ ငြိမ်သွားရော..။

ပြီးတော့ အိပ်ချင်မူးတူးနဲ့
ယောင်ဝါးဝါးထပြောတယ်..။

"အိပ်မက်ထဲမှာ ကိုကိုက
လှည့်မကြည့်ဘူး.."တဲ့

ဖောင်းနေတဲ့ပါးတစ်ဖက်ကို
ဖျတ်ခနဲ နမ်းပြီး ပြောလိုက်တယ်..။

"အိပ်မက်ဆိုတာ ပြောင်းပြန်လေ
ငါက မင်းကိုပဲ အမြဲကြည့်နေမှာ.."

ထော်ပြလာတဲ့ နှုတ်ခမ်းတွေကိုတော့
လက်ဖဝါးနဲ့ပိတ်လိုက်တယ်..။

"မင်းက ညစ်ပတ်တော့
အာပုတ်စော် နံတယ်.."

ရိပေါ်က မျက်လုံးတွေမဖွင့်ပဲ
လက်သီးထောင်ပြတယ်..။

"လက်သီးတော့ နမ်းပေးလို့ရတယ်.."

လက်ချောင်းထိပ်တွေကို
ရှေ့သွားနဲ့တတိတိ ကိုက်လိုက်တယ်..။

ပြုံးယောင်သမ်းလာတဲ့
နှုတ်ခမ်းတွေကို ကြည့်ရင်း..
မျက်တောင်ခတ်လိုက်ဖို့ကိုတောင်
သူ နှမြောပါတယ်...။

----------------------------------------

ကျောင်းဆင်းချိန်မို့ လူကရှုပ်တယ်..။
ရိပေါ်ကို ခုထိရှာမတွေ့ ..။

ရုတ်တရက် သူ့ဖုန်းမြည်လာတယ်..။

ရိပေါ်ဆီက ဖြစ်တယ်..။

"ကိုကို ထိုင်နေကျ
ကော်ဖီဆိုင်ဘက် ထွက်ခဲ့.."

လမ်းတစ်ဖက်မယ် ရိပေါ်ရယ်..။
သူ့ကို မြင်တော့ ဝှေ့ယမ်းပြတဲ့
လက်တစ်ဖက်မှာ ပန်းစည်း..။
နှင်းဆီတွေက အနီရောင်ဖြစ်တယ်..။

Ai NiWhere stories live. Discover now