တစ်ဖက်က ကားဘရိတ်အုပ်သံအဆုံး..
ရုတ်တရက်
လေထဲ မြောက်သွားတဲ့ ခံစားချက်က
ဘယ်လိုနေမလဲတဲ့
ခုတော့ သူသိခဲ့ပြီလို့ ထင်တယ်..။အောက်ကို ပြန်အကျ
သူ့မျက်နှာက မြက်ခင်းပြင်ပေါ်မှာ..။ရိပေါ်ရော..ရိပေါ်ကရော..
သူ့ခေါင်းကို တဖြည်းဖြည်း
စောင်းလိုက်တယ်..။လမ်းမပေါ်မှာပဲ ရိပေါ်က...
ပြီးတော့ သူ့ကို လှမ်းကြည့်နေတယ်..။ရိပေါ်မျက်နှာပေါ်မှာ သွေးတွေ..
ရိပေါ်က သွေးတအားကြောက်တာ
အထူးသဖြင့်
တခြားသူသွေးထက်
သူ့သွေး သူ အကြောက်ဆုံး...။ချော်လဲလို့ ဒူးပြဲရင်တောင်
သူ့ကို အော်ခေါ်ရင်း
ခြေထောက်ထိုးပေးတာ အကျင့်ပဲ..။လက်တဖက်ကို အားယူပြီး
သုတ်ပေးဖို့ လှမ်းလိုက်ပေမယ့်
အကွာအဝေးက နီးမလိုနဲ့
ဝေးနေပြန်တယ်...။ကြည့်နေရင်းက
ရိပေါ် မျက်လုံးတွေ မှိတ်သွားတယ်..။စက်ဘီးရဲ့ရှေ့ဘီးက
လည်နေတုန်း..။နောက်တော့
သူလည်းပဲ............။(Z)
တစ္ဖက္က ကားဘရိတ္အုပ္သံအဆံုး..
ရုတ္တရက္
ေလထဲ ေျမာက္သြားတဲ့ ခံစားခ်က္က
ဘယ္လိုေနမလဲတဲ့
ခုေတာ့ သူသိခဲ့ၿပီလို႔ ထင္တယ္..။ေအာက္ကို ျပန္အက်
သူ႔မ်က္ႏွာက ျမက္ခင္းျပင္ေပၚမွာ..။ရိေပၚေရာ..ရိေပၚကေရာ..
သူ႔ေခါင္းကို တျဖည္းျဖည္း
ေစာင္းလိုက္တယ္..။လမ္းမေပၚမွာပဲ ရိေပၚက...
ၿပီးေတာ့ သူ႔ကို လွမ္းၾကၫ့္ေနတယ္..။ရိေပၚမ်က္ႏွာေပၚမွာ ေသြးေတြ..
ရိေပၚက ေသြးတအားေၾကာက္တာ
အထူးသျဖင့္
တျခားသူေသြးထက္
သူ႔ေသြး သူ အေၾကာက္ဆံုး...။ေခ်ာ္လဲလို႔ ဒူးၿပဲရင္ေတာင္
သူ႔ကို ေအာ္ေခၚရင္း
ေျခေထာက္ထိုးေပးတာ အက်င့္ပဲ..။လက္တဖက္ကို အားယူၿပီး
သုတ္ေပးဖို႔ လွမ္းလိုက္ေပမယ့္
အကြာအေဝးက နီးမလိုနဲ႔
ေဝးေနျပန္တယ္...။ၾကၫ့္ေနရင္းက
ရိေပၚ မ်က္လံုးေတြ မိွတ္သြားတယ္..။စက္ဘီးရဲ့ေရ႔ွဘီးက
လည္ေနတုန္း..။ေနာက္ေတာ့
သူလည္းပဲ............။