9.💘

1K 168 5
                                    

သူ မျှော်လင့်ထားသလိုပဲ
တကယ်ကိုပဲ
သူ့အခန်းထဲမှာ..။

ဖုန်းစခရင်ကို ဖွင့်ကြည့်လိုက်တယ်..။

ပထမတစ်ခေါက်
သူ နိုးလာတဲ့ ရက်..ဒီရက်...။

"နိုးနေပြီကို..ရေသွားချိုးတော့လေ..
ရိပေါ်က အစောတည်းက..."

မားစကားမဆုံးခင်
သူ ရေချိုးခန်းဘက် ထွက်ခဲ့တယ်..။
သိပြီးသားတွေမို့...။

"မား...ဒီနေ့ ထမင်းချိုင့်မယူဘူးနော်.."

"အဲ...သားကြိုက်တဲ့.."

ဒါလည်း သူသိပြီးသား..။

နေ့လည်စာ စားချိန်
ရိပေါ်အခန်းဘက် ထွက်ခဲ့တယ်..။
ထင်ထားသလို ဟိုကလေးမနဲ့
အရင်တွေ့တယ်...။

"ရိပေါ်ရော..."

"ရိပေါ် ဘယ်မလဲလို့..."

သူ့အသံကအနည်းငယ်မာသွားလို့ ထင်..။
ကလေးမ မျက်နှာပျက်သွားတယ်..။

"တောင်းပန်ပါတယ်..
စိတ်လောသွားတာမို့.."

"အာ..ရပါတယ် အကို..
ကျောင်းပြင်ဘက်က
တွန်းလှည်းနဲ့မုန့်ဆိုင်တွေဘက်
ရှာကြည့်ပါလား...
အဲ့ဘက်ဝင်ဦးမယ် ကြားတယ်.."

သူ ခပ်သွက်သွက်ထွက်လာခဲ့ပေမယ့်လို့
မုန့်ဆိုင်တွေသာ တစ်ဆိုင်ပြီးတစ်ဆိုင်
ကျော်လာတယ်..။
ရိပေါ်ကို အရိပ်နဲ့အယောင်တောင်
မတွေ့ရ..။

ဗိုက်ဆာလာတာမို့
အနီးအနား ဝေ့ကြည့်လိုက်တော့
အသားညှပ်ပေါင်မုန့်ရောင်းတဲ့ဆိုင်ကို
တွေ့တယ်..။

မုန့်ကိုယူ
ပိုက်ဆံရှင်း လှည့်ထွက်ပြီးကာမှ
တစ်ခေါက်ပြန်လှည့်လာပြီး ပြောရတယ်..။

"Sauceများများ ထည့်ပေးလို့ရမလားဗျ.."

အန်တီကြီးကို သူ့ကို မော်လို့ကြည့်ရင်း
ခပ်ပြုံးပြုံးပြောတယ်..။

"ရတာပေါ့.."

မုန့်ပြန်အပေးမှာ
နောက်ထပ် စကားတစ်ခွန်းကို
ထပ်ပြောတယ်..။

"လူတွေက ထွက်သွားပြီးမှ
လိုချင်တဲ့အရာ
မေ့ကျန်ခဲ့တာကို သတိရရင်
ခုလိုပဲ ပြန်လာတတ်ကြတယ်.."

Ai NiTempat cerita menjadi hidup. Temukan sekarang