💘Side story

1.3K 186 14
                                    

နွေနေ့လည်ခင်းတစ်ခုမှာဖြစ်တယ်..။

ခြံဝန်းတစ်ခုထဲမယ်
ကလေးတစ်ယောက်က
ပြေးလွှားနေတယ်..။

ခပ်လှမ်းလှမ်းက သစ်ပင်ရိပ်မယ်တော့
ကောင်လေးတစ်ယောက်က
ပင်စည်ကိုမှီလို့ စာအုပ်ဖတ်နေပါတယ်..။

ပတ်ပြေးရင်း မောလာတဲ့ကလေးက
သစ်ပင်ရိပ်ဆီ ပြေးသွားတယ်..။

ပြီးတော့ စာဖတ်နေတဲ့ကောင်လေးနား
ကပ်ထိုင်ရင်း ခြေပစ်လက်ပစ်နဲ့
လေပြင်းကို မှုတ်ထုတ်တယ်..။

"မောလိုက်တာ.." တဲ့

ကောင်လေးက စာဖတ်ရင်းကနေ
ခိုးကြည့်ရင်း ရယ်တယ်..။

အရွယ်နဲ့မလိုက်
ကြီးကြီးကျယ်ကျယ် စကားပြောနေတဲ့
ကလေးရဲ့ခေါင်းလုံးလုံးလေးကို
လက်ဖဝါးနဲ့ ပွတ်လိုက်တယ်..။

"အတော် ပင်ပန်းသွားရှာတာပဲ."

ခေါင်းပေါ်က လက်ကို
လက်တုတ်တုတ်လေးတွေနဲ့
အတင်းဖယ်ရင်း နှုတ်ခမ်းကလည်း
ထော်ထွက်လာတယ်..။

"ခေါင်းကို မပွတ်နဲ့လို့..."

ခေါင်းတုံး တုံးလိုက်ရာက
ပြန်ထွက်လာတဲ့ ဆံပင်ငုတ်စိလေးတွေက
ပွတ်ချင်စရာကောင်းတာမို့
ထပ်ပွတ်လိုက်တယ်..။

ပွတ်တဲ့လက်ကို
ဆွဲယူပြီး နှာခေါင်းလေး ရှုံ့တဲ့ထိ
အားရပါးရ ကုန်းကိုက်လိုက်ပါရော..

"လွှတ် လွှတ် စောင်ကလေး
ခွေးစိတ်ပေါက်နေတဲ့ ခွေးပေါက်..."

မလွှတ်တမ်း ဆက်ကိုက်နေပုံက
မသိရင် လက်ကပဲ
အရသာ ထွက်နေသလိုမို့..

ကျန်တဲ့လက်တစ်ဖက်နဲ့
ကိုယ်လုံးလုံးလေးကို ကလိထိုးတော့
ထရယ်တယ် ..။

ရယ်တဲ့သူကြောင့် ထပ်ရယ်တဲ့သူက
သူပဲဖြစ်တယ် ..။

သစ်ပင်ထက်က နားနေတဲ့
ငှက်တွေပါ ထပျံကုန်တယ်..။

နောက်ဆို ဒီအပင်ဘက်
မလာတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်
အင်မတန် နားညီးတာမို့ ဖြစ်တယ်..။

အသံတွေတိတ်သွားတာမို့
တစ်ဖက်ခြံက ဝမ်မားမားက
ပြတင်းပေါက်က လှမ်းကြည့်တယ်..။

Ai NiWhere stories live. Discover now