"ရိပေါ်မား ဖုန်းဆက်တယ်..
သူ့ပါးဆူလို့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားပြန်ပြီတဲ့.."မားရဲ့အပြောမှာ
သူမျက်ခုံးတစ်ချက်ပင့်လိုက်တယ်..။
ဒါဆို ထုံးစံအတိုင်း
သူလည်း....။ပြတင်းပေါက်ကနေ
တစ်ဖက်ခြံကို လှမ်းကြည့်လိုက်တော့ Tentတောင်ထိုးပြီးနေပြီ ဖြစ်တယ်..။ဒါပေမဲ့ လူတောင် ဝင်လို့ရပါရဲ့လားမသိ
ယိုင်ထိုးလို့ပဲ..။စပန့်ဘောင်းဘီတိုနဲ့ ကုံးကုံးကွကွလုပ်နေရာက သူရှိရာဘက် လှည့်လာတယ်..။
အံမယ် လက်ယက်ခေါ်နေသေးတာ..။
မခေါ်လည်း သွားရမှာကို
သူက သိပြီးဖြစ်တယ်..။ပြတင်းပေါက်ကို ပိတ်လိုက်တယ်..။
မနက်ဖြန် ဖြေရမယ့် Tutorialအတွက်
ဖတ်ဖို့ စာအုပ်တစ်ချို့ရယ်
စာကြည့်မီးအိမ်ရယ်
ခေါင်းအုံးတစ်လုံးရယ်
ပြီး ဖုန်းနဲ့နားကြပ်ရယ်
ထည့်နေကျ ခြင်းထဲ စုထည့်..။အိမ်ပေါ်တက်ပြီး တဂျီဂျီနဲ့ လာဆွဲချတဲ့ထိ
စောင့်နေစရာလား..။အံမယ်...အအေးဘူးတွေ..
အော်..အာလူးကြော်တွေရော...။အိမ်ပေါ်ကဆင်းလာတဲ့
သနားဖွယ်ရာ ဤလူသား..။Tentကိုသေချာပြန်ထိုး
ပစ္စည်းတွေ နေရာချ..။"ကိုကိုရေ.."
"စကားမများနဲ့ မင်းလည်းစာကြည့်.."
သူ သတိရလို့ ကြည့်လိုက်တော့
အိပ်တောင်ပျော်နေပြီ..။"ကိုကိုရေ...ထ..ထ"
သိလိုက်ပါပြီ.. အိမ်သာ...။
"ဟေး..ကိုကို ..မင်း အပြင်မှာ .. ရှိနေရဲ့လား.."
"သီချင်းဆို သီချင်း.."
🎵မင်းကို ရူးရူးမိုက်မိုက်ပြုံးရင်း
ကြည့်နေရတာကို ကြိုက်တယ်..ဒီလိုနဲ့ပဲ အိုမင်းသွားချင်တော့တာပါပဲ..
တကယ်လို့ နောက်စက္ကန့်မှာ
အဲ့လိုသာစခဲ့မယ်ဆိုရင်တော့
အကောင်းဆုံးဖြစ်လာမှာပေါ့..🎵