3.💘

1.2K 194 9
                                    

"မင်း...ငါ စုထားတဲ့ ပိုက်ဆံအသစ်လေးတွေကိုမှ.."

"ပြောတော့ ဂိမ်းရှုံးလို့ ငတ်နေတာဆို.."

"ခုကျ ဖွန်ကြောင်ဖို့.."

"Ah..ခုလည်း ငါ ဗိုက်ဆာလို့
သောက်တာလေ.."

"ဒါပေမဲ့ ငါ့ရှေ့တင်
မြင်တာ နှစ်ခွက်
ကောင်မလေး လက်ထဲမှာက
တစ်ခွက်လေ.."

"အဲ့တာက ဆိုင်က
buy one get one ပေးနေတာ.."

"မင်း ငါ့ကို ဂျင်းလာမကျွေးနဲ့.."

"မကျွေးဘူး..အတည်.."

"Promotionက မနက်ဖြန်ထိ ရှိတယ်တဲ့.."

"မနက်ဖြန် မင်းနဲ့ ငါ
သွားသောက်ကြမလား...ဘာဘယ်တီး"

ပြောရင်းက
သူ့ အင်္ကျီစကို လက်ဖျားနဲ့လာဆွဲတယ်..။

"ဟမ်..သောက်ကြမလားလို့.."

သူ့ကိုယ်သူ ခုထိ ငါးနှစ်သား
ထင်နေပုံပဲ..။

ဘာမှပြန်မပြောတော့
တစ်ဆင့်တက်လာတယ်..။

ခေါင်းလုံးလုံးနဲ့
သူ့ရင်ခွင်ကို ဝင်တိုးတယ်..။

"ဖယ် ဖယ်..မင်း ရေမချိုးတာ
ဘယ်နှစ်ရက်..."

"ခုမှ သုံးရက်.."

"စောင်ညစ်ပတ်..မင်းမားနဲ့ တိုင်မယ်.."

"အံမယ်
မားက ရေပိုက်ပျက်လို့ ညစ်နေတာ.."

"ဟမ်..ဟင်းကျ ဘယ်လိုချက် .."

"မချက်ဘူး.."

"မုန့်ဖိုးပေးလိုက်ပေမယ့်
ခု မရှိတော့လို့ ကိုကိုနဲ့လိုက်စားမှာ.."

"အဲ့လို ရမလားဟ.."

"ရတယ်.."

"မရဘူး.."

"ဖယ်စမ်း ..မထိုင်နဲ့.."

"ငါ့ တင်နင်းလေ..ကိုကိုရ .."

"အဲ..ငါ ခုထိ.."

"ဟမ်.. ဘာလဲ..
ခုထိ လူမတင်နိုင်သေးဘူးလား.."

"ဟားဟား..ကိုကိုရာ.."

"တိတ်စမ်း.."

"ဖယ် ကိုကို
ငါ နင်းမယ်..မင်း နောက်ကလိုက်.."

"ဒါ ငါ့စက်ဘီး.."

"အမလေးဗျာ..လာပါဟ.."

"နောက်နှစ် ငါ့မား
ဆိုင်ကယ်ဝယ်ပေးရင်
မင်းကို မတင်ဘူး.."

Ai NiTempat cerita menjadi hidup. Temukan sekarang