ကျောင်းကအပြန်
ရိပေါ်တို့အိမ်ဘက် အရင်ဝင်တယ်..။
သူ သိချင်တာ ရှိတာမို့ ဖြစ်တယ်...။မီးဖိုခန်းဘက်မှာ
ရိပေါ်မားက ဟင်းချက်နေတယ်..။အထူးတလည် လှမ်းမခေါ်ချင်တော့တာမို့
ရိပေါ်အခန်းဘက်ကိုသာ
ထွက်လာခဲ့တယ်..။သော့တောင်မခတ်ထားတဲ့စားပွဲအံဆွဲက
အလွယ်တကူပဲ ဖွင့်လို့ရတယ်..။ပြီးတော့ သူ ပထမဆုံး
သတိထားမိတာက
စာလိပ်သေးသေးလေးတွေထည့်ထားတဲ့
ဖန်ပုလင်း...။ရိပေါ်ပုံစံနဲ့ ဒီဖန်ပုလင်းက
တကယ့်ကိုပဲ မအပ်မစပ်..။သူ ပထမဆုံးဖတ်လိုက်တဲ့စာလိပ်က..
စာမေးပွဲ အောင်ပါစေ..တဲ့
သူ ထရယ်မိတယ်..။
မုန့်ဖိုးများများရပါစေ ..တဲ့
စောင်ကလေး..။
နောက်.. ဆိုင်ကယ်မြန်မြန်စီးရပါစေ..
နောက်..
နောက်..
ကိုကို ရည်းစားမရပါစေနဲ့..
"ဟမ်.."
ကိုကို ရုပ်ဆိုးပါစေ..
ကိုကို ငါ့ကိုပဲ ချစ်လာပါစေ..
သူ လက်ထဲက စာလိပ်လေးဟာ
ကြမ်းပြင်ပေါ် လွတ်ကျသွားတယ်..။အောက်ထပ်က
ရိပေါ်ရဲ့အသံကြားရတယ်..။စာရွက်တွေကို ခပ်မြန်မြန်လိပ်ပြီး
ပြန်ထည့်လိုက်တယ်..။"ကိုကို..."
"အေး..."
"ဘာလုပ်.."
"ဒါ လာပေးတာ ..."
သူ့ဆောင်းပါးပါတဲ့စာအုပ်ကို
မြှောက်ပြလိုက်တယ်..။"မင်း ဖတ်မယ်မလား.."
"အင်း..."
"ဒီညဖတ်မယ် ..ထားခဲ့.."
--------------------------------------------------
"ကိုကို ညကြီး ဘယ်လိုဖြစ်.."
"ငါ..ဒီည မင်းဆီ လာအိပ်တာ.."
"ဟမ်...ဘာလို့.."
"ငါလဲ အိမ်ပေါ်ကဆင်းလာတာလေ.."
"ဟားဟား...ကိုကို..မင်း..မနောက်နဲ့..."