သူ သတိဝင်ဝင်ချင်း
မျက်လုံးတွေ ချက်ချင်း
ဖွင့်လိုက်ဖို့ မရဲပြန်ဘူး..။မျက်နှာကျက် ဖြူဖြူကို
စမြင်ရရင် ဘယ်လိုလုပ်မလဲ..။ပြီးတော့ ဆေးနံ့တလှိုင်လှိုင်နဲ့
အခန်းကျဉ်းတစ်ခုဖြစ်နေရင်ရော..။အတွေးထဲ ဝဲလည်နေတုန်း
ရုတ်တရက် သူ့ကိုယ်ပေါ်က
အနွေးဓာတ်ဟာ ဟာသွား...။"ကျန့်ကျန့် ထသင့်ပြီ..
ကျောင်းနောက်ကျတော့မယ်.."တဲ့သူ့မျက်လုံးတွေအဖွင့်
မားရယ် စောင်ကြီးကိုပိုက်လို့..။"ရိပေါ်တောင် သွားပြီ..
အိမ်ရှေ့က လှမ်းအော်သွားတယ်..
သားကို မစောင့်တော့ဘူးတဲ့..
အကြီးဖြစ်ပြီး အပျင်းတစ်.."မဟုတ်သေးဘူး..
ဒါ အိပ်မက်လား..ဒါမှမဟုတ်..
ရှေ့က ဖြစ်ခဲ့တာတွေက အိပ်မက်လား..။သူ ဝုန်းခနဲ ထလိုက်တယ်..။
ပြီးတော့ မားကို ဆွဲဖက်ရင်း
ခပ်လောလောပြောလိုက်တယ်..။
"တော်သေးတာပေါ့..
တကယ်ကို တော်သေးတာပေါ့.."နားမလည်သလို ကြည့်နေတဲ့မားကို
မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ရင်း
ရေချိုးခန်းဘက်
ခုန်ပေါက်လို့ ထွက်လာခဲ့တယ်..။တကယ်ကိုပဲ အမှန် မဟုတ်ဘူး..။
-------------------------------------------
အတန်းချိန်အပြီး
ရိပေါ်တို့အခန်းဘက် ထွက်ခဲ့ပေမယ့်လို့
အခန်းထဲမှာ ရိပေါ်က ရှိမနေဘူး..။သူ မျက်မှန်းတန်းမိနေကျ
ကလေးမလေးက လှမ်းပြောတယ်..။"ထုံးစံအတိုင်းပဲ
ဂိမ်းနှိပ်ဖို့ ဘေးခန်းကကောင်တွေ
လာခေါ်သွားတယ်.."တဲ့သူ ခေါင်းညိတ်ပြလိုက်ရင်း
ပြန်လှည့်အထွက်
ကလေးမက
ဘေးကနေ ကပ်လိုက်လာတယ်..။"အကို ငယ်ငယ်က ဝဝကြီးဆို..."
ဒီမေးခွန်း...
သူ လမ်းလျှောက်နေရာက ရပ်လိုက်ပြီး
ကလေးမဘက်ကို ခပ်ကြောင်ကြောင်
လှည့်ကြည့်လိုက်တယ် ..။ရုတ်တရက်
လူတစ်ယောက်က
သူတို့နှစ်ယောက်ကြားဖြတ်ပြေးတယ်..။