10.💘

1K 170 10
                                    

"အာ..ကိုကိုရာ..လန့်လိုက်တာ..
တံခါးလေး ဘာလေးခေါက်လေ.."

"ဒီလူနဲ့ဒီလူ ငါက ဘာကိစ္စ
တံခါးခေါက်ရမှာလဲ.."

ပြောရင်းနဲ့ သူ အကဲခတ်နေတုန်း
ရိပေါ်က တစ်ခုခုကို ကိုယ်နဲ့ကွယ်ရင်း
အံဆွဲထဲထည့်ပြီး ပိတ်လိုက်တယ်..။

"ကိုကို ဘာလာလုပ်တာလဲ.."

"ငါရေးလိုက်တဲ့ဆောင်းပါးတိုက
အရွေးခံရတယ်.."

"Wow..Wow..ဒါဆို ပိုက်ဆံရောရမှာလား.."

"ရပြီး.."

"ဟားဟား..ဒါဆို..သွားစို့.."

"ဘယ်လဲ.."

"ညစျေးဘက်လေ.."

"ဘာလဲ ကိုကို..မင်း..အိတ်ဖောင်းတော့
စိတ်ပြောင်းသွားတာလား.."

"မပြောင်းပါဘူးဟ..အဲ့တာကြောင့်ပဲ
မင်း လာခေါ်တာလေ.."

"ဟုတ်ပြီ ဟုတ်ပြီ
ထွက် ထွက်.."

"ဘာကိုထွက်..."

"ငါ အဝတ်လဲရမယ်လေ..
နည်းနည်းရှိုင်းဦးမယ်.."

"ညကြီးမိုးချုပ်..ဘာကိုလှချင်နေတာလဲ.."

"လှစရာလား ..ငါကချောတာ..
သွား ငါ အဝတ်လဲဦးမယ်.."

"ငါရှိတော့ ဘာဖြစ်
မင်း ငယ်ငယ်ကဆို ငါ့ရှေ့ တုံးလုံးနဲ့ .."

"ကိုကို..."

"ငါရှေ့တင်မဟုတ်ဘူး
တလမ်းလုံးရှေ့
မင်း တုံးလုံးနဲ့ခြံထဲ ပတ်ပြေးနေတာ
မင်းမား လိုက်ဖမ်းရတာလေ
ရေမချိုးချင်လို့တဲ့
မမှတ်မိဖူးလား.."

မျက်နှာတစ်ပြင်လုံး နီရဲလာပါရော..။

"ကိုကို မင်း မုလိုက်တော့.."

တံခါးကို ဒုန်းခနဲ မြည်အောင်
ဆောင့်ပိတ်သွားတယ်..။

သူ့မယ် ရယ်လိုက်ရတာ..။

"စောင်ရေမွှေးတွေ သေမလို
စွတ်လာတာလား.."

"မွှေးတယ်လေ..."

"ရေကျ မချိုးချင်ဘူး
တစ်လမ်းလုံး မင်းလှည့်ကြည့်သွားကြတာ
ဒီအနံ့ကြီးကြောင့်..."

"ချောလို့ပါ ကိုကိုရ
မင်း မနာလို မဖြစ်နဲ့..."

"ဝေါ့...."

Ai NiWhere stories live. Discover now