အပိုင်း (၄)

1.8K 177 0
                                    

"လေ့ကျင့်ရတာ ပင်ပန်းနေပြီလားအကိုတော်"

"ပင်ပန်းတာပေါ့ နှမတော်ရယ် ။ဒါပေမယ့်လည်း ခုတော့ တော်တော်လေးတော့နေလို့ကောင်းလာပါပြီ"

**အကိုတော်ရဲ့ ရုပ်ကို ဘယ်တော့မှ ပြန်မြင်ရပါ့။ ခုတော့မင်းသမီးနဲ့ စကားပြောနေရသလိုမျိုးပဲ

" ရုပ်ကိုလေ အကိုတော်ပုံ ပြန်ပြောင်းလို့မရသေးဘူးလားဟင်"

"အကိုတော် ကြိုးစားနေပါတယ် ။ ခုထိတော့ပြောင်းဖို့မဖြစ်နိုင်သေးပါဘူး နှမတော်ရယ်"

"အွန်းပါ...ဒါနဲ့ ဒီကိုရောက်လာတဲ့နေ့ကစပြီး အကိုတော်ရယ် မင်းသမီးပြန်မပြောင်းသွားသေးဘူးနော်"

"ပြောင်းတော့ပြောင်းတယ် နှမတော်ရဲ့
ဘယ်ချိန်ပြောင်းလဲတော့ အကိုတော်လည်း မသိဘူး။ တစ်ခါတလေကျ သူက အကိုတော် ကို ထိန်းချုပ်နေသလိုပဲ ခံစားနေရတယ် ။ ဆရာကြီးက ပြန်မတိုက်ခိုက်ရဘူးဆိုလို့ မတိုက်ခိုက်ဘဲ လွှတ်ပေးထားတော့ကျ သူက လာလာဆွ နေသလိုမျိုးပဲ ခံစားရတယ်"

"အကိုတော်ကို သူသာ ထိန်းချုပ်နိုင်သွားရင်ဘာတွေဖြစ်လာမှာလဲဟင်"

"သူထိန်းချုပ်နိုင်သွားရင် သူက အကိုတော်ရဲ့အစွမ်းပါရပြီး။ အကိုတော်ထိန်းချုပ်နိုင်ရင် သူ့အစွမ်းတွေပါရမှာ ထင်တယ် "

"သူ့မှာ ဘာလို့အစွမ်းတွေ ရှိနေရတာလဲ။ သူက လူတစ်ယောက်ပဲ မဟုတ်ဘူးလား"

"အကိုတော်လည်း သေချာမသိဘူး။ သူခုချိန်ထိ မသေသေးတာရော အကိုတော်ကို ပြန်တိုက်ခိုက်နိုင်စွမ်းတွေရော ရှိနေတယ်။ သူက တစ်ခုခုပဲ ။ စုန်း မဟုတ်ရင်တောင်မှ အစွမ်းတစ်ခုခု ရှိပုံရတယ်"

စုန်းမလေးလည်း အကိုတော်ကို စိုက်ကြည့်နေမိသည်။
**ခုမှ သေချာကြည့်မိတယ် ။ ချောတော့ချောသား ။ မျက်လုံးလေးတွေ နှာခေါင်းလေးတွေ နှုတ်ခမ်းလေးကပါ တစ်ခုချင်းလှနေပါရောလား။ ယောက်ျားလေးလို၀တ်စားထားလည်း ကောင်မလေးလိုပဲ။ ချောလိုက်တာ။

"ဘာလို့လဲ နှမတော် ။ အကိုတော်ရုပ်ပြောင်းသွားလို့ လား"

"မပြောင်းပါဘူး ။ ကြည့်ရင်း ပြောင်းလာရင်လည်းကောင်းသား"

Loveliest Witch (လှပသော စုန်းမ)Donde viven las historias. Descúbrelo ahora