အပိုင်း (၅)

1.7K 180 2
                                    

နောက်တစ်နေ့ ညနေခင်း နေ၀င်ဆည်းဆာ အချိန်တွင် မင်းသမီးလေးသည် ရေချိုးပြီးနောက် ရေကန်မှတက်လာပြီး အ၀တ်လဲနေစဥ်

ဂျောက်~~~

×× ဘာသံလဲဟ။ တစ်ယောက်ယောက်ရှိနေတာများလား။ ဒီချိန် ဒီနားကို လူလာစရာအကြောင်းမှ မရှိတာကို

"အပင်နောက်က ဘယ်သူလဲ~ ခေါ်နေတုန်းထွက်လာနော် မဟုတ်ရင် ငါလာသတ်မှာ ~" ဟုအော်လိုက်ရာ

စုန်းမလေးလည်း သစ်ပင်နောက်မှ ထွက်လာပြီး

" ၀ိုးးး သတ်မယ်ဆိုပဲ ကြောက်စရာကြီး " ဟု မျက်ခုံးပင့်ကာ အံ့သြချင်ယောင် ဆောင်နေသောရုပ်ဖြင့်

"သြော် နင်ပဲ။ ဘာလို့ သူများရေချိုးတာကို လာချောင်းကြည့်ရတာလဲ"

၀တ်လတ်စ အင်္ကျီမှာ မသပ်မရပ်နှင့် ကြိုးကလည်း မချည်ရသေး ဗြုတ်စဗြဲနှောင်း နှင့်။ သူရေချိုးတာကို ချောင်းကြည့်ရမလားဆိုပြီး မျက်မှောင်ကျုံ့၊ နှုတ်ခမ်းဆူပြီး စုန်းမလေးကို ရန်တွေ့နေသောကြောင့်

ပုခုံးကို လက်ဖြင့် ​အသာအယာ ဖိထားလိုက်ပြီး
"ပြောင်းပြန်ကြီး၀တ်ထားတာပဲ ။ အင်္ကျီမ၀တ်တတ်သေးဘူးကျန်း"

"အဲ့တော့ ဘာဖြစ်လို့လဲ"

(မင်းသမီးလေး၏မျက်နှာ အနားကပ်ပြီး လေသံတိုးတိုးလေးဖြင့် )
"ငါ တစ်ချက်လှမ်း ဆွဲလိုက်ရင် နင်အ၀တ်ဗလာ နဲ့ ကိုတုံးလုံးလေးဖြစ်သွားမှာနော် "

မင်းသမီးလေးလည်း မျက်နှာ တစ်ခုလုံးနီရဲသွားပြီး
"နင်ကနှာဘူးလား။ အခု လက်ကို ငါ့ပုခုံးပေါ်ကနေ ဖယ်လိုက်နော် "

"ဘာလို့ရှက်နေတာလဲ။ နင်ရေချိုးတုန်းက ခေါင်းအစခြေအဆုံး ငါမြင်ပြီးသွားပြီပဲကို ဟ~ဟ~ဟ "

"နင်က တကယ့်နှာဘူးပဲ ။ ငါမဟုတ်ဘဲ ဟိုအကောင့်ခန္ဓာကိုယ် ဖြစ်နေရမှာ "

စုန်းမလေးလည်း ပူထူသွားသည်။
"ငါ က အကိုတော်ရေချိုးတဲ့ချိန်ဆို ချောင်းမကြည့်တတ်ပါဘူးနော်"

"အက်တာဆို ခုက ဘာလို့ လာချောင်းရတာလဲ "

စုန်းမလေးလည်း တောင်ကြည့်လိုက် မြောက်ကြည့်လိုက်နဲ့
"မနေ့က ဒဏ်ရာ က သက်သာလားလို့ပါ ။ မသက်သာသေးရင် ဆေးလိမ်းပေးမလို့လေ"

"သက်သာပါတယ် မနာတော့ဘူး"

"အက်တာဆိုလည်း ပြီးရော ပြန်တော့မယ်"

"ခဏ .......အင်္ကျီက ဘယ်လို၀တ်ရမှာလဲ ပြောပြခဲ့အုံး ။ ငါ ဒီလိုအင်္ကျီမျိုး တစ်ခါမှ မ၀တ်ဖူးဘူး"

"အတည့် ၀တ်ချင်ရင် ပြန်ချွတ်မှ ရမှာ နင်၀တ်ထားတာကြီးက လုံး၀ ဇောက်ထိုးကြီး"

စုန်းမလေးလည်း အင်္ကျီကူချွတ်ပေးလိုက်ပြီး
"ဟီးးးငါနင့်အတွက် အတွင်းခံအင်္ကျီ ယူလာပေးဖို့မေ့သွားတာပဲ "

"yaaaa! ဘာလို့ လာပြီး စိုက်ကြည့်နေရလဲ ဟိုဘက်လှည့်ဟာ"

"ဟိုဘက်လှည့်ပြီး ငါကသစ်ပင်ကြီးကို အင်္ကျီ၀တ်ပေးရမှာလား" ဟု ရီကျဲကျဲဖြင့် စလိုက်သည်။

"မရှက်ပါနဲ့ ငါလည်း မိန်းကလေးပဲကို ဘာတွေလာရှက်နေရတာလဲ"

"အာ့ဆို နင်ရော ဘာလို့ မျက်နှာကြီး နီနေရတာလဲ"

"စကားများလိုက်တာ လာခဲ့ ရှေ့ကိုတိုး ၊ နင် ဒီတိုင်း အင်္ကျီမပါပဲ နေချင်လို့လား"

မင်းသမီးလည်းခြေလှမ်းစိပ်စိပ်လေး လှမ်းလိုက်သည်။

"ထပ်တိုးအုံး~~ "
"ထပ်တိုးပါဆို ငါက လက်အရှည်ကြီးဆန့်ပြီးနင့်ကို ၀တ်ပေးရမှာလား"

စုန်းမလေးလည်း စိတ်မရှည်ဘဲ လက်မောင်းကနေစောင့်ဆွဲလိုက်သည်။
မင်းသမီးလေးလည်း လန့်ပြီး ရုတ်တရတ်ဟန်ချက်မထိန်းနိုင်ဘဲ ချေချော်သွားသည်။

"အာ့~"

**ဘယ်လိုခံစားချက်မျိုးပါလိမ့် ။အထိအတွေ့တွေက နွေးထွေးပြီး နုညံ့နေလိုက်တာ ။ဒီတိုင်း မလွှတ်တော့ဘဲ အကြာကြီးဖက်ထားလိုက်ရမလား။

ပတ်၀န်းကျင် တစ်ခုလုံးတိတ်ဆိတ်သွားသည်။ အချိန်ကလည်း တဖြည်းဖြည်းနဲ့ မှောင်စပျိုး လာသည်။

မင်းသမီးလေး လဲကျမည်စိုး၍ ဖက်လိုက်ရသောကြောင့် လက်ထဲမှ အင်္ကျီမှာ ရေကန်ထဲသို့ ပြုတ်ကျသွားသည်။

"ငါ ~ ငါ ဘာကိုသွား၀တ်ရမှာလဲ။ အင်္ကျီက ၂ထည်လုံးစိုကုန်ပြီ"

စုန်းမလေးလည်း မင်းသမီးလေး၏ကျောပြင်ကို အသာအယာ ပုတ်ပေးလိုက်ပြီး
"စိတ်မပူပါနဲ့ တဘတ်ရှိတယ်မလား အက်တာ ခြုံအိပ်ပေါ့ "

မျက်မှောင် တစ်ချက် ကျုံ့လိုက်ပြီး
"တဘတ်က ရင်လျှားရုံလောက်ပဲ လုံတာကို "

" အဲ့တာဆို ငါ့အခန်းကို လိုက်ခဲ့လေ ငါ့အင်္ကျီခဏပေး၀တ်မယ် "

"ဒီတိုင်းလိုက်ရမှာလား။ အဲ့ မှာလူတွေရှိတယ် မဟုတ်ဘူးလား"

စုန်းမလေးလည်း သစ်ကိုင်းတွင်လှန်းထားသော တဘတ်ကို ယူကာ မင်းသမီးလေးကို ခြုံပေးပြီး ခေါ်သွားသည်။

Loveliest Witch (လှပသော စုန်းမ)Место, где живут истории. Откройте их для себя