အပိုင်း (၃)

2K 182 0
                                    

ရှေးဟောင်းနန်းဆောင်ကဲ့သို့အဆောက်အဦ တစ်ခု အတွင်း၀င်သွားပြီး သူ့အဖိုးအား ဖြစ်ပျက်ခဲ့သမျှ ကိစ္စအ၀၀ကို ပြန်ပြောပြလေသည်။
ထိုအခါ စုန်းအတတ်သင်ကြားရာနေရာ ဖြစ်သော ထိုအရပ်ဒေသ တွင်ရှိသည့် တစ်ခုတည်းသော ဆေးရေအိုင် နားတွင် အကိုတော်၏စိတ်၀ိညာဥ်ပိုမိုအားကြီးလာစေရန် မြင့်မြတ်သောစိတ်၀ိညာဥ် ကျင့်စဥ်ကို ကျင့်ရန် သင်ကြား​ပေးသည်။

" တစ်ခုတော့သတိထားစရာရှိတယ်။ လေ့ကျင့်နေစဥ်အတောအတွင်း မင်းသမီးရဲ့ ၀ိညာဥ် ကို တိုက်ခိုက်လို့မဖြစ်ဘူး ။ သူ့ကိုသွားတိုက်ခိုက်ရင် မောင်ရင့်အတွက်သိပ်အန္တရာယ်များလွန်းတယ်။ အက်တစ်ခုတော့ စိတ်ထဲ မှတ်ထားပါ"

"ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်တော်သတိထားပါ့မယ်"

"​ကောင်းပြီ...မောင်ရင်တို့ ၂ယောက် လက်ထပ်ပြီးကြပြီလား"

"ခုထိတော့ လက်မထပ်ရသေးပါဘူး ။အသက် ၂၀ လည်းမပြည့်သေးတာမို့ ဆရာကြီးကို ကတိပေးထားတဲ့အတိုင်း လိုက်နာမှာပါ ။"

" မောင်ရင် အတွက် အစားအစာနဲ့ ရေ ကို ပို့ပေးဖို့စီစဥ်ထားလိုက်ပါမယ်။ ခုတော့ ဒီသစ်ပင်အောက်မှာပဲ ဂရုတစိုက်နဲ့သေချာလေ့ကျင့်ပါ"
ဟူ၍မှာထားခဲ့ပြီး ဆရာကြီးနဲ့ သူ၏မြေး တို့သည် ထိုနေရာမှာထွက်ခွါသွားပြီး။ ထိုမင်းသားသည် လည်း အပင်အောက်တွင် "မြင့်မြတ်သောစိတ်၀ိညာဥ်" ကျင့်စဥ်ကို လေ့ကျင့်ရင်းနေရစ်ခဲ့လေသည်။

ထိုအရပ်ဒေသသည် စုန်းအတတ်များ သင်ကြားပေးရာ ဌာနဖြစ်လေသည်။

မင်းသမီးနေသော တိုင်းပြည် ၏အနောက်ဘက်ရှိ သဲကန္တာရ ကြီး၏အကျော်တွင် တည်ရှိသော နေရာဖြစ်သည်။ လူသူနေသော အရပ် များနှင့် ကင်း​ေ၀းရာ နေရာ တစ်ရာလည်းဖြစ်လေသည်။

ထို စုန်းအတတ်ပညာကျောင်း တွင် အစားအသောက်အလွန်ရှားပါးလွန်းသည်။ အပင်များ ပန်းများ ဖြင့် ​ေ၀​ေ၀ဆာဆာ ရှိသော်လည်း အရသာမရှိသော အသီးအပွင့်များသာ ပေါများလေသည်။ မြစ်၊ချောင်း များနှင့်​ေ၀းသောအရပ်ဒေသဖြစ်၍ ရေလည်းရှားပါး၏။ ထိုနေရာတွင်နေထိုင်သော လူကြီးရော ကလေးများပါ စုန်းအတတ်ပညာ တတ်ကြသော စုန်းများသာဖြစ်ကြလေသည်။

Loveliest Witch (လှပသော စုန်းမ)Tempat cerita menjadi hidup. Temukan sekarang