အပိုင်း (၁၁)

2.3K 154 0
                                    

               မင်းသမီးလေး အိပ်ယာမှနိုးလာသောအခါ ပြုံးစိစိဖြင့်
××ဘယ်ရောက်သွားတာလဲဟ။ အွန်းပေါ့လေ ငါ့ကို ဘယ်လိုလုပ်ပြီးမျက်နှာချင်းဆိုင်ရဲမှာလဲလေ ရှက်နေမှာပေါ့ ။

ရေကန်နားတွင် ထိုင်ပြီး မှိုင်နေသော စုန်းမလေးကို မြင်သောအခါ

"တမနက်လုံး လိုက်ရှာနေတာ ခုမှပဲတွေ့တော့တယ်" စုန်းမလေး၏ပုခုံးကို လှမ်းထိလိုက်သည်။

တင်ထားသော လက်ကို ရိုက်ချလိုက်ပြီး

"အွန်းး ဒီတိုင်း စိတ်မကြည်လို့"

" ဘာလို့လဲ ညက ကိစ္စကြောင့်လား။"

"အွန်းး  ~~~~ နင် အထင်မှားနေတာထင်တယ်။
ငါနင့်ကို မချစ်ဘူး။
ပြီးတော့ အကိုတော်ကိုလည်း ငါသစ္စာဖောက်လို့မဖြစ်ဘူး။
အကိုတော်ကိုပဲ လက်ထပ်ပြီး တစ်သက်လုံးအတူတူနေသွားဖို့ ကတိပေးထားတာမို့လို့။
ဒီလောက်နဲ့ပဲတော်ကြရအောင်"

မင်းသမီး လေးလည်း ဘာစကားမျှပြန် မပြောနိုင်တော့ဘဲ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာသည်။

"ကိစ္စတွေအကုန်လုံးကိုမေ့လိုက်ကြရအောင်နော်"

ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ 
_________

"အွန်းပါ။ နင့်ကို စိတ်ရှုပ်အောင်လုပ်မိသွားတယ်ထင်တယ်။ ငါ့ကိုအခွင့်အရေးတစ်ခုတော့ပေးလို့ရ မလား။  ဆေးရည် သောက်ပြီးသွားတဲ့အခါကျ  နင့်အကိုတော်မဖြစ်သွားဘဲ ငါဖြစ်သွားခဲ့ရင် ငါ့ကို လက်ခံပေးမယ်မလားဟင်"

" နင်က ပရောဂလည်းသင့်ထားသေးတာပဲ အားနည်းနေတာကို  အကိုတော်ပဲ အနိုင်ရမှာမို့လို့ ~~"

"အွန်းး သိပါတယ်။ ဒါပေမယ့် ငါ လည်း အခွင့်အရေးရှိသေးတာပဲလေ "

"ဟင့်အင်း  ငါနင့်ကို ချစ်လို့မရဘူး။ ပြီးတော့ နင်နဲ့ လည်းလိုက်မနေနိုင်တာမို့လို့ လက်လျှော့လိုက်ပါ"

စုန်းမလေးလည်း ထွက်သွားပြီး မင်းသမီးလေးမှာ  ထိုသစ်ပင်အောက်တွင် ငိုကြွေးကာ ကျန်ရစ်ခဲ့လေသည်။

ဆရာကြီးလည်း မင်းသမီးလေးဆီ ရောက်လာပြီး

"ဘုရင်ကြီး က မင်းသမီးကို နန်းတော်ဆီပြန်လိုက်စေချင်တယ်လို့ မိန့်လိုက်တယ်။ မှူးမတ်တွေ စစ်သူကြီးတွေလည်း ရောက်နေပြီမလို့။ မင်းသမီးရဲ့ သဘောထားကရော ဒီမှာပဲနေချင်သေးလား။ နန်းတောကို ပြန်ချင်ပြီလား"

Loveliest Witch (လှပသော စုန်းမ)Место, где живут истории. Откройте их для себя