အပိုင်း (၇)

1.7K 172 0
                                    

        နောက်တစ်နေ့မနက် ရုံးခန်းထဲတွင် စုန်းမလေးနဲ့ သူ၏အဖိုး စကားပြောနေစဥ် မင်းသမီးလေးလည်း ခိုး၍နားထောင်နေလေသည်။

××နတ်ပန်းနဲ့ဖော်ထားတဲ့ဆေးကိုသောက်ရင် အားနည်းတဲ့၀ိညာဥ်ကသေဆုံးသွားမယ်တဲ့ လား။
ငါနဲ့သူနဲ့၂ယောက်တည်းက တစ်ယောက်က သေပေးရမှာပေါ့။

"စာအုပ်ထဲမှာပါတဲ့  အတိုင်းဆိုရင် နတ်ပန်းပွင့်တဲ့နေရာက မြောက်အရပ်က တောအုပ်ထဲမှာပဲ ။လပြည့်နေ့ တွေပဲပွင့်တာဆိုတော့  မနက်ဖြန်လောက်သွားရင် အချိန်ကောင်းပဲ။

"အဲ့တာဆို သမီး သူ့ကိုခေါ်သွားလိုက်မယ်နော်"

"သူ့ကို ဘာလို့ခေါ်သွားမှာတုန်း သမီးရဲ့ သူက ဆက်ပြီးလေ့ကျင့်ရအုံးမယ်မဟုတ်လား"

"သမီး ပြန်မရောက်ခင်ထွက်ပြေးသွားမှာစိုးလို့ပါ"

""ကောင်းပါပြီ အက်တာဆိုလည်း ခေါ်သွားလိုက်ပါ။ အဲ့ တောအုပ်ထဲမှာ အဆိပ်ပြင်းတဲ့မြွေ တွေတော့ ရှိတယ် သတိထားအုံး။ "

မင်းသမီးလေးလည်း ခိုးနားထောင်နေရာမှ ထ၍လစ်မည် ကြံတုန်း စုန်းမလေးလည်း ရုံးခန်းမှ ထွက်လာသည်။

"နင်ကဒီမှာ ဘာလုပ်နေတာလဲ"

"ပျင်းလို့လျှောက်ကြည့်နေတာပါ"

"ဒီနေ့ ရေကန်နားသွားပြီး လေ့ကျင့်ရေးမဆင်းဘူးလား"

"ဘာကိုလဲ"

"အမ်~~ ဘာမှမဟုတ်တော့ပါဘူး"

"နင့်ရဲ့ အကိုတော်ပဲလေ့ကျင့်ရတာပါ။ ငါက လေ့ကျင့်စရာမလိုတာကို အစတည်းက ငြိမ်းချမ်းပြီးသား"

"အက် ကျင့်စဥ် ဘယ်လိုလုပ်ပြီးသိတာလဲ"

" စုန်းဖြစ်ရင် ခမည်းတော်ကို ပြန်သတ်လိမ့်မယ့်ဆိုတဲ့ဟောကိန်းတွေကြောင့်ပေါ့။ စုန်း, မဖြစ်အောင် လေ့ကျင့်ရတဲ့ ကျင့်စဥ်တွေထဲမှာ အက်တာပါတယ်လေ။ ငါက အောင်မြင်ထားပြီးသား"

**အဲ့တာကြောင့် အကိုတော့် ၀ိညာဥ်ထက်အင်အားကြီးနေတာပဲ။

"နင်က စုန်းမဟုတ်ဘူးဆိုတော့ ဒီက အစားအစာတွေကရော မခါးဘူးလား"

Loveliest Witch (လှပသော စုန်းမ)Where stories live. Discover now