#တစ်ဉီးတည်းပိုင်နှလုံးသား🧡
အပိုင်း(၃)
အတွေးတွေကိုခဏသိမ်းပြီး
Mewရေချိုးအဝတ်စားလဲကာ
အခန်းအပြင်ထွက်လိုက်သည်ပန်းပင်တွေရေလောင်းနေတဲ့
ဥယျာဉ်မှူးဉီးလေးက
လူလေး နေရထိုင်ရအဆင်ပြေရဲ့လား
ပြေပါတယ်ခင်ဗျအေးကွယ် ဒီနားက ခရီးသွားဧည့်သည်တွေ
ခေတ္တ ခဏနားတာဆိုတော့
တိတ်တိတ်ဆိတ်ဆိတ်ပဲကွယ့်မှန်ပေသည်
အမှန်တော့Mewက
ကမ်းခြေတစ်ခုကိုသွားရန်ထွက်လာခြင်းဖြစ်သည်
အစီအစဉ်မရှိ မဲနဲ့ကတောက်တဆဖြစ်ထွက်လာတော့
အရင်လိုခရီးသွားခါနီးကားစစ်ခြင်းတွေမလုပ်ခဲ့ရ
Highwayလမ်းမပေါ်လူပြတ်တဲ့နေရာမှ ကားက
ဘာဖြစ်မှန်းမသိ၍
လမ်းသွားလမ်းလာကိုအကူညီတောင်းရင်း
လမ်းချိုးလေးထဲကနေသွားရင်မြို့ငယ်လေးတစ်ခုရှိပြီး
ခေတ္တနားခိုလို့ရတဲ့ တည်းခိုခန်းမမည်
အပန်းဖြေစခန်းမမည် နေရာလေးတစ်ခုရှိကြောင်းသိရပြီး
ရောက်လာခြင်းဖြစ်သည်လုံးချင်းဘန်ဂလိုဆန်ဆန်လေးတွေ၅ခုလောက်နှင့်
အိမ်ရှင်တွေနေရာ ချစ်စရာတိုက်ပုလေးတစ်လုံးက
ခြံအကျယ်ကြီးထဲတွင်နေရာတစ်ကျ
ယခုတော့ဧည့်သည်ဆို၍Mewတစ်ယောက်သာ
ကားကတော့မြို့ငယ်ထဲက ဝပ်ရှော့ကိုအပ်ထားလိုက်သည်ဉီးလေး
အိမ်ရှင်တွေအိမ်လေးကလှတယ်နော်
လူမရှိဘူးလား
Mewမစပ်စုတတ်
သို့သော်
ရောက်ကတည်းကဉီးလေးတစ်ယောက်သာတွေ့လို့မေးမိခြင်း
ဖြစ်သည်အေးကွဲ့
နှစ်ရက်လောက်နေပြန်လာကျလိမ့်မယ်
အရင်ကတော့ ဒီမှာတစ်နှစ်တစ်ခါသာ
အပန်းဖြေလာနေကျတာကွဲ့
လွန်ခဲ့တဲ့နှစ်နှစ်ကမှ အိမ်ရှင်ကလေးနေမကောင်းလို့
ဒီမှာပြန်လာနေကျတာ
ခုလဲဆေးပြသွားကျတယ်ဉီးသားလဲပါသွားတော့
ဉီးတစ်ယောက်တည်းကျန်ခဲ့တာပေါ့ကွယ်
မပန်ကသဘောကောင်းပါတယ်
ပြန်လာရင်ဧည့်သည်လေးစိတ်တိုင်းကျ ချက်ကျွေးလိမ့်မယ်
လာတည်းတဲ့ဧည့်သည်တိုင်းကိုရင်းရင်းနှီးနှီး
အိမ်သားလို မပန်ကဆက်ဆံနေကျကွယ့်
ခုတော့လူလေးရေ ပေါင်မုန့်နဲ့ကော်ဖီလေးပဲသုံးဆောင်ပေးအုံးနေိာ
ဟုတ်ရပါတယ်ဗျ
YOU ARE READING
#တစ်ဦးတည်းပိုင်နှလုံးသား🧡
Fanfiction#တစ်ဦးတည်းပိုင်နှလုံးသား🧡 အပိုင်း(၁) နွေးထွေးတဲ့နေရောင်ခြည်ရဲ့အထိအတွေ့နဲ့အတူ အလင်းရောင်ဖျော့ဖျော့က Mewဘေးဘက်ပြတင်းပေါက်မှတစ်ဆင့် အခန်းလေးထဲဝင်ရောက်လာခဲ့သည် လေအဝေ့မှာ ပါလာတဲ့ ပန်းနံ့သင်းသင်းလေးနဲ့ နိုးထလာရတဲ့မနက်ခင်းလေးကို Mewနှစ်သက်နေမိတယ် လတ်ဆတ်...