#တစ်ဦးတည်းပိုင်နှလုံးသား🧡၄၀

837 49 1
                                    

#တစ်ဦးတည်းပိုင်နှလုံးသား🧡
အပိုင်း(၄၀)

Mewအိပ်မပျော်နိုင်ပါ
သူ့ကိုယ်သူ ဘယ်လောက်ထိန်းထိန်း
သူ့ရဲ့ဇွတ်တရွတ်ဆန်မှုက သူကိုယ်တိုင်တောင်
မသိလိုက်တဲ့အချိန်မှာ
Nongကိုရင်ခွင်ထဲထည့်ပြီးနေပြီ
သူ့ကြောင့် Nong လန့်သွားခဲ့ရသည်
အန်တီပန်ကရော
နောက်နေ့သူ့ကိုလက်ခံပါအုံးမလား
တွေးနေရင်းအိမ်လေးထဲမှ
စန္ဒယားသံလေးကြားလိုက်ရသည်
Nongပဲနေမှာ
ကိုယ့်ကြောင့်အိပ်မပျော်တော့ဘူးမို့လား
အိပ်ရေးတွေပျက်တော့မှာပဲ Nongရယ်
~~~~~
Gulfအိပ်မပျော်တော့တဲ့အတူတူ
စန္ဒယားသာတီးနေမိတော့သည်
Phiရောအိပ်ပျော်မှာမဟုတ်တာ
အသေအချာပဲ
Phiရဲ့ဇွတ်တရွတ်စိတ်အရ
ခုနသူဖြစ်သွားတဲ့အခြေအနေကိုကြည့်ပြီး
သူ့ကိုယ်သူ တစ်ခုခုလုပ်မှာ အသေအချာ
Phiရယ်~Phiကိုလဲသနားတယ်
ကျွန်တော်ကိုယ်ကျွန်တော်လဲသနားတယ်

ကျွန်တော်ဟန်ဆောင်မကောင်းဘူးPhi
Phiကိုမြင်ချင်လိုက်တာ~
Gulf တွေးရင်းမျက်ရည်ကျလာရသည်

Gulf.လေးမဲလဲအိပ်မပျော်နိုင်
သားလေးစန္ဒယားသံကြားလို့လာကြည့်တော့
သားလေးကငိုနေပြန်ပြီ

Aunty pan>>>သားလေးရယ် လူ့ဘဝကြီးမှာ
အချစ်တစ်ခုထဲနဲ့ရေစုန်မျောလို့မရဘူးလေ
မဲမရှိတော့တဲ့နောက် သားလေးဘယ်လိုနေမလဲ
ပြီးတော့သားလေးချစ်တဲ့သူက
သားလေးကိုထားခဲ့တာမဟုတ်ဘူးလေ
သားလေးဘာလို့ခံစားနေရတာလဲ
သားလေးချစ်တဲ့သူကလည်း
သားလေးကိုချစ်တယ်လေ
မဲသားလေးကိုယ့်ဘာသာမညှင်းဆဲနဲ့နော်
သားစိတ်ချမ်းသာဖို့တစ်ခုထဲကိုသာတွေးနော်
ကျန်တာတွေခေါင်းထဲကထုတ်ပစ်လိုက်
သားလေးပြုလုပ်တဲ့အရာတွေအတွက်ဖြစ်လာမယ့်
ကိစ္စတွေမဲတာဝန်ယူတယ်
မဲသားလေးပင်ပန်းလှပါပြီ

Gulf>>>မဲ
Gulfမဲကိုဖက်ထားလိုက်မိသည်
ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး
ပျော့ညံ့စိတ်တွေဝင်နေလို့
မဲကိုတောင်းပန်ပါတယ်မဲ
သား ဖြစ်လာတဲ့အရာတွေအတိုင်း
သား လက်ခံရင်ဆိုင်ပါတော့မယ်
မဲနဲ့ပြောနေတုန်းမှာပင်

ခြံထဲက သူအခန်းအောက်တည့်တည့်နားဆီမှ
Phiအသံကိုကြားလိုက်ရသည်

#တစ်ဦးတည်းပိုင်နှလုံးသား🧡 Место, где живут истории. Откройте их для себя