#တစ်ဦးတည်းပိုင်နှလုံးသား🧡Zawgyi11

443 16 0
                                    

တစ်ဦးတည်းပိုင်နှလုံးသား🧡
အပိုင်း(၁၁)

Gulf condoရောက်တော့
အခန်းလေးက အရမ်းလဲမရှုပ်ပွပေမယ့်
ယောက်ျားလေးတစ်ယောက်တည်းနေတာမို့
အရမ်းကြီးတော့လဲသပ်ရပ်မနေ
စားပွဲပေါ်မှာစာရွက်စာတမ်းတွေနဲ့
သောက်ထားတဲ့အအေးဘူးလေးတွေက
မရှင်းရသေး

Gulf>>>Phi အခန်းရှုပ်နေလို့
ကျွန်တော်ကိုကဲ့ရဲ့မနေနဲ့နော်

Mew>>>မကဲ့ရဲ့ပါဘူးNong
အရမ်းလဲမရှုပ်ပါဘူးရပါတယ်

Gulf>>>ကဲ Phiရောက်ဘူးပြီမို့လား
ပြန်ဖို့စဥ်းစားတော့

Mew>>>ကိုယ်ခုမှရောက်တာလေ Nong
ဧည့်သည်ကို နှင်ရလား
ဘယ်လိုအိမ်ရှင်လဲ

Gulf>>>မနက် companyသွားရမယ်လေ
အိပ်ချိန်တွေနောက်ကျမှာပေါ့
ကျွန်တော်ကအကြောင်းမဟုတ်ဘူး
Phi ကခရီးကပြန်ရောက်စလေ
တစ်နေကုန်အလုပ်ရှုပ်ပင်ပန်းထားတာမဟုတ်ဘူးလား
ပြန်နားတော့လေ

Mewစိတ်ထဲ
အဲ့လိုNong ကသူ့အတွက်စဥ်းစားပေးတတ်သည်တဲ့လား
ကြည်နူးရပြန်ပြီ
ခုနNong သူ့သူငယ်ချင်းနှင့်တွေ့တော့
သူ့စိတ်ထဲ မနာလိုစိတ်လေးဝင်လာမိသေးသည်
ဒါပေမယ့် Nongက အပေါင်းအသင်းနည်းလွန်းသည်
ဘာပဲဖြစ်ဖြစ် Nongကိုတော့ပေါင်းသင်းဆက်ဆံရေးပါသင်ပေးရအုံးမည်

Mew>>>Nong company မှာလေ
ဌာနကလူတွေကိုအရမ်းမစိမ်းနဲ့နော်
အလုပ်နဲ့ပတ်သက်တဲ့စကားမဟုတ်လဲ
နည်းနည်းတော့ဝင်ပြော
Nongနောက်လဲဒီcompanyမှာပဲ
လုပ်မှာဆိုတော့
ဘာပဲဖြစ်ဖြစ်ရင်းနှီးနေတော့
မကောင်းဘူးလား

Gulf>>>အင်းပါ Phiရဲ့
ခုနောက်ပိုင်းရင်းနှီးစပြုလာပါပြီ
မပွန်ဆိုရင် ကျွန်တော်ကိုစတောင်စနောက်နေပြီ
ချစ်စရာကောင်းလို့တဲ့
TharnTypeကားထဲက
သူကြိုက်တဲ့မင်းသား
Typeနဲ့တူလို့တဲ့

Mew>>>ဘာ
အဲ့ဒီ ပွန်နဲ့ဝေးဝေးနေတော့

Gulf>>>ဟမ်ခုနပဲရင်းရင်းနှီးနှီးနေဆို
ခုကဘာဖြစ်

Mew>>>ကိုယ်ရင်နှီးခိုင်းတာကလိုတာလောက်ပဲလေ

Gulf>>>ဘာတွေလဲPhi ရာရှုပ်နေတာပဲ

#တစ်ဦးတည်းပိုင်နှလုံးသား🧡 Where stories live. Discover now