တစ်ဦးတည်းပိုင်နှလုံးသား🧡
အပိုင်း(၇)နောက်တစ်နေ့မနက်
Gulf Company ကို စောစောရောက်နေမိသည်
ဒီနေ့ကအလုပ်ရှုပ်မှာလေ
ကိုယ့်အလုပ်တွေနေ့လည်ပြီးမှ
Phiနဲ့တွေ့နိုင်မှာ
အင်းကိုယ်ကသာအဆင်သင့်ဖြစ်အောင်လုပ်နေတာ
Phi ကအားပါ့မလား
Ph ဆက်လိုက်ရမလား
မဆက်တော့ပါဘူး
ငါ ဘယ်လိုတွေဖြစ်နေတာပါလိမ့်
Phiနဲ့တွေ့ရဖို့လေးကို
ပျာယာခတ်နေမိတာMewအတွေးတွင်လည်း
ဟူး
ဒီနေတော့ပြောမှဖြစ်မှာပါ
secretaryအားခေါ်လိုက်ကာMew>>>ကိုယ်ဒီနေ့ နေ့လည် ထမင်းစားချိန်
အပြင်ခဏထွက်စရာရှိလို့
ကိုယ်နေ့လည် အရေးတစ်ကြီး
Schedule မရှိရင် အချိန်နှစ်နာရီလောက်
လွတ်အောင်ချိန်းထားပေးနော်Sec>>>ဟုတ်ကဲ့ဆရာ
Gulfတို့ဌာနတွင်
ဟေး Intern Gulf
မင်းတင်ထားတဲ့
Mini designလေး
လက်မှတ်ထိုးဖို့လေ
အဆင်ပြေလောက်တယ်
CEOလဲသဘောကျမှာပါ
မင်း designလေး
လက်မှတ်ထိုးဖို့
ကိုယ်ကိုယ်တိုင် အစက
CEOကိုဝင်ပြောပြမလို့
ခုတော့ကိုယ်ဌာနမှူးနဲ့အစည်းဝေးလိုက်သွားစရာရှိတယ်
မင်းကိုယ်တိုင်ဝင်တွေ့လိုက်နော်
ကိုယ် CEO ရဲ့secretaryကိုအကြောင်းကြားပေးမယ်Gulf>> ဟုတ်ဆရာ
ဟူး
Gulf CEOကိုအလုပ်စဝင်တွေ့ဘူးတော့
ဥပဓိရုပ်ကောာင်းကောင်းနဲ့သဘောကောင်းတဲ့
ဦးလေးအရွယ်မို့ အရမ်းတော့ရှိန်မနေ
ဒါပေမယ်သူတစ်ယောက်ဝင်တွေ့ရမှာ
ပထမဆုံး ဆိုတော့ ခပ်လန့်လန့်
တစ်ယောက်ယောက်ခေါ်သွားချင်ပေမယ့်
စကားသိပ်ပြောတဲ့လူမဟုတ်တော့
ခုချိန်မှခေါ်ဖို့ အားနာမိ
Phiကိုလှမ်းခေါ်ရင်ကောင်းမလား
အာ
Phiအလုပ်ရှုပ်ပြီးနေ့လည်မအားနေပါအုံးမယ်
ကိုယ့်ဘာသာပဲသွားမယ်ကွာ
လက်မှတ်ကလဲCEOထိုးမှ
ကျောင်းကိုပြန်တင်ပြရအုံးမှာမို့Gulfလေး CEOအခန်းရှေ့အရောက်
Gulf>>>အစ်မရေ ကျွန်တော်ဒီဇိုင်းဌာနကပါ
Sec>>အော်အေးမောင်လေး
ဖုန်းဆက်အကြောင်းကြားထားတယ်
အစ်မ CEOကို ပြောပေးမယ်နော်ခဏSec>>>ဆရာ Designဌာနက
တစ်ယောက်လာပါတယ်
တင်ပြစရာရှိလို့ပါတဲ့
YOU ARE READING
#တစ်ဦးတည်းပိုင်နှလုံးသား🧡
Fanfiction#တစ်ဦးတည်းပိုင်နှလုံးသား🧡 အပိုင်း(၁) နွေးထွေးတဲ့နေရောင်ခြည်ရဲ့အထိအတွေ့နဲ့အတူ အလင်းရောင်ဖျော့ဖျော့က Mewဘေးဘက်ပြတင်းပေါက်မှတစ်ဆင့် အခန်းလေးထဲဝင်ရောက်လာခဲ့သည် လေအဝေ့မှာ ပါလာတဲ့ ပန်းနံ့သင်းသင်းလေးနဲ့ နိုးထလာရတဲ့မနက်ခင်းလေးကို Mewနှစ်သက်နေမိတယ် လတ်ဆတ်...