#တစ်ဦးတည်းပိုင်နှလုံးသား🧡Zawgyi32

361 10 1
                                    

#တစ်ဉီးတည်းပိုင်နှလုံးသား🧡
အပိုင်း(၃၂)

Mewတစ်ယောက်
ညကညည့်နက်သည့်အထိ Nongအကြောင်းတွေ
ပြန်တွေးရင်း မိုးလင်းခါနီးမှ အိပ်ပျော်ခဲ့သည်မို့
နေ့မြင့်မှသာ အိပ်ရာနိုးတော့သည်

ထိုနေ့တစ်နေ့ကုန် တည်းခိုရာရှိ
ဥယျာဉ်လေးထဲ လျှောက်ပတ်ကြည့်ကာ
ပန်းပင်လေးတွေတောင်ကူစိုက်ပေးလိုက်သည်

Mew>>>ဥှီးလေးအပြန်ကျ ကျွန်တော့်ကို
ဒီပန်းပင်လေးစိုက်ဖို့ပေးလိုက်ပါလားခင်ဗျ
အဆင်ပြေလောက်လား
Nongကြိုက်သည်ဆိုသောပန်းလေးတွေ

ဉီးလေး>>ရပါတယ်ကွဲ့
ယူသွားလေ ဉီးလေးစိုက်လို့ရှင်အောင်
လုပ်ပေးလိုက်မယ်
သူက ခြံတံတိုင်းတွေမှာဆိုအဆင်ပြေတယ်
မပန်တို့ဟိုးဘက်အိမ်​ဘေးမှာတောင်သေချာလေး
အလှစိုက်ထားသေးတယ်

ဟုတ်ဗျ
ကျေးဇူးတင်ပါတယ်

ဒီလိုနဲ့တစ်နေ့ကုန်ပြန်ပြီ
အချိန်တွေကမြန်လိုက်တာ
အိမ် ပြန်ရင်အဖြေတစ်ခုကပေးရတော့မည်

အရင်ကNongကိုမရှာခဲ့သည်မဟုတ်
CVထဲကလိပ်စာအတိုင်းရှာခဲ့သော်လည်း
အိမ်ကသော့ခတ်ထားသည်မှာ
သွားသည့်အခေါက်တိုင်း
Champဆီမေးတော့လဲအဆက်သွယ်မရဟုသာ
သိရသည်

သူ့မှာလမ်းစတွေပျောက်သာနေတော့သည်
Nong ရေ ကိုယ်ဘယ်လိုလုပ်ရတော့မှာလဲ

Mew ပြတင်းပေါက်မှာရပ်တွေးနေတုန်း
ကားလေးတစ်စီးဝင်လာခဲ့သည်
အိမ်ရှင်တြွေပန်လာပြီဖြစ်မှာ

ကားထဲမှအန်တီတစ်ယောက်အရင်ဆင်းလာသည်
ဉီးလေးပြောတဲ့အန်တီပန်နေမှာ
နောက်တစ်ယောက်က Hoddiအနက်လေးကို
ခေါင်းစွပ်လေးလုံအောင် ဆောင်းဝတ်ထားသည်မို့
မျက်နှာသူသေချာမမြင်ရ

ဟင်
ထိုအရိပ်
နောက်ကျောသာပေးထားပြီး
မျက်နှာမမြင်ရသော်လည်း
ထိုပုံရိပ်ကိုသူရင်းနှီးသည်

Nong
Nongလား
သူပြေးထွက်တော့အရိပ်လေးကဖြည်းညင်းစွာအိမ်ထဲဝင်သွားသည်

မဟုတ်သေးဘူး
ခုသွားလို့မဖြစ်သေးဘူး
မသေမချာနဲ့သွားရင်
အိမ်ရှင်အတွက်အနှောက်အယှက်ဖြစ်ရလိမ့်မယ်
ဉီးလေးပြောတော့အိမ်ရှင် ကလေးဆေးခန်းပြတဲ့

#တစ်ဦးတည်းပိုင်နှလုံးသား🧡 حيث تعيش القصص. اكتشف الآن