#တစ်ဦးတည်းပိုင်နှလုံးသား🧡၉

834 38 0
                                    

#တစ်ဦးတည်းပိုင်နှလုံးသား🧡
အပိုင်း(၉)

ဒီလိုနဲ့ company မှာအလုပ်လုပ်လိုက်
အားတဲ့အချိန် စကားပြောလိုက်နှင့်
ဖြတ်သန်းလာခဲ့ကြသည်
တစ်ခါတစ်လေပိတ်ရက်တွေ
အတူတူ ကော်ဖီဆိုင်ထိုင်လိုက်
Gulf projectလုပ်နေတဲ့
ကိစ္စလေးတွေ ကူရှင်းပြလိုက်နှင့်
တစ်နေ့တစ်ခြားပိုရင်းနှီးလာခဲ့သည်💙

Companyမှာ တစ်ခါတစ်လေ
Phi Mewက Gulfတို့ဌာနဘက်အကြောင်းမရှိ
အကြောင်းရှာလာတတ်သေးသည်

ဒီနေ့လဲပေါ်လာပြန်ပြီ
ဌာနကလူတွေကတော့
သူလာပြီဆို ငြိမ်သက်နေတာပဲ
ဌာနမှူးကတော့ ထွက်လာပြီး

ဌာနမှူး>>>CEO ဘာမှာစရာရှိလို့လဲခင်ဗျ

Mew>>>မဟုတ်ပါဘူး အားတုန်းလေး
ဌာနတွေဘက်ပတ်ကြည့်တာပါ
အင်းအဆင်ပြေကျတယ်မို့လား
ကြိုးစားပေးလို့အားလုံးကျေးဇူးပါ

Gulfကိုလဲ Intern လေး
သေချာလေ့လာနော်
မသိတာရှိရင်လည်း
ကြီးတဲ့သူတွေကိုမေး
ဌာနမှူးKhon
Intern တွေကိုလဲသေချာသင်ပေးနော်
သူတို့သေချာတတ်မှ companyနာမည်ကောင်းမှာ
နောက်မို့ဒီ company မှာဆင်းပြီး
ဘာမှ တတ်မြောက်မလာဘူးဆို
Companyလဲမကောင်းဘူး

ဌာနမှူး>>>ဟုတ်ကဲ့ CEO

Gulf မှာတော့ရင်တထိတ်ထိတ်
ဒီလူကြီးငါ့ ရင်းရင်းနှီးနှီးလာလုပ်နေရင်
ခက်ပြီတွေးနေပေမယ့်
Phiကိုကြည့်တော့လဲ အတည်ပြောနေတဲ့ပုံ
ခပ်တည်တည်နဲ့ဆိုတော့
စိတ်အေးရသေးသည်
အတွေးတောင်မဆုံးသေး
လူလစ်တော့
မျက်နှာကပြုံးစိစိနဲ့
ခေါင်မိုးထပ်ကို လက်ညှိုးကထိုးပြသေးသည်

Gulf မှာလန့်လိုက်ထိတ်လိုက်နဲ့
ဒီလူကြီးနဲ့ခက်နေပြီ
တွေ့အုံးမယ် စိတ်ထဲတေးထားလိုက်သည်
နေ့လည်အားချိန်ရောက်တော့
ခေါင်မိုးထပ်ကို Gulfတတ်လာလိုက်သည်

Mewနောက်ကအသံကြားတော့
Gulf မှန်းသိသည်
ကြည့်လိုက်တော့
စူပုပ်ပုပ်နှင့်
ရုပ်လေးကကွာ
Mewရယ်ချင်မိသည်
သူတို့ဌာနဘက်လာ
သူ့ကိုနှုတ်ဆက်လို့ဖြစ်နေတာလေ
ဒါဘာထူးဆန်းလို့လဲ
အရင်Gulf internမဆင်းခင်ကလည်း
Mew ဌာနတွေပတ်နေကျလေ
ခုလောက်တော့အသွားမစိတ်ဘူးပေါ့😁
ဒီကလေးတော်တော်တွေးပူလွန်းတယ်
မသိ companyမှာပဲ
ရုံးတွင်းစုံတွဲ ခိုးတွဲနေသလို
တွေးပြီးပြုံးမိ
အမ်ငါဘာတွေတွေးမိနေပါလိမ့်

#တစ်ဦးတည်းပိုင်နှလုံးသား🧡 Donde viven las historias. Descúbrelo ahora