#တစ်ဦးတည်းပိုင်နှလုံးသား🧡zawgyi4

626 19 0
                                    

တစ်ဦးတည်းပိုင်နှလုံးသား🧡
အပိုင်း(၄)
Mew အပြင်ကပြန်ရောက်ချိန်မှာတော့
မှောင်ရီပျိုးစဖြစ်နေပြီမို့
ရေမိုးချိုးအနားယူလိုက်သည်
အပြင်ကဒေသစာမုန့်လေးတွေ
ပေါ့ပါးစွာ ဝယ်စားလာသည်မို့
ဗိုက်မဆာသောကြောင့်
ဦးလေးဆီလဲထမင်းသွားမစားဖြစ်

Mew ph screenက ပုံလေးကိုကြည့်ရင်း
ပြုံးမိသည်
ကြောင်ပုံeffect လေးသုံးကာ ပြုံးနေသည့်
Nongက ဖြူစင်လိုက်တာ

Nongကအေးသည်
စတွေ့ခဲပုံကမထူးဆန်း
Mewတို့companyမှာ internဆင်းလာတဲ့
Nong ဟာ
အနေအေးသူပီပီ သီးသန့်နေတတ်သည်
သူလုပ်စရာရှိတာလုပ်
လေ့လာစရာရှိတာလေ့လာရင်း
အများကြားမှာ အနေစိမ်းသူဖြစ်နေတော့
Mewသတိထားမိလိုက်သည်

တစ်နေ့    Mewအလုပ်နားချိန်
companyခေါင်မိုးထပ်မှာ coffeeသောက်ရန်တက်လာတော့
Nongကိုတွေ့လိုက်ရသည်
Nong စိတ်ရှုပ်နေပုံရလို့
Mew>>>ဒီကNong တစ်ခုခုများဖြစ်နေလား
ဒီမှာinternဆင်းရတာအဆင်မပြေလို့လား

Gulf>>>မဟုတ်ပါဘူးခင်ဗျ
ကျွန်တော်က ပင်ကိုယ်နေတတ်တဲ့စရိုက်ကိုပြောင်းမရတော့
လူတွေအလည် မာနကြီးသလိုသူစိမ်းဆန်နေတော့
သိချင်တာမေးတဲ့အခါ အခက်အခဲဖြစ်နေရလို့ပါ
ဒါနဲ့Piကဘယ်ဌာနကလဲခင်ဗျ

Mew>>>ဟမ်
Nongကကိုယ့်ကိုမသိဘူးလား

Gulf>>>ဟုတ်
တကယ်တော့ကျွန်တော်ဌာနကလူကိုတောင်အစုံမသိဘူး
ဖြစ်နေတယ်ခင်ဗျ

Mew>>>ဒါနဲ့Nongနာမည်က
Gulfပါခင်ဗျ

Mew>>>>အင်း
ဟုတ်ပါပြီ

အမှန်တကယ် Gulf လေးinternဆင်းတဲ့နေ့က
CEOကိုဝင်နှုတ်ဆက်တော့
Mewနိုင်ငံခြားအစည်းဝေးရှိလို့
ဖော ခဏလာပေးတဲ့ရက်ဖြစ်နေသည်

Gulf လေးစိတ်ထဲCEOဟာ
Mewဖောကိုသာထင်ထားသည်

Mew>>>Nongမေးချင်တာကိုယ့်ကိုမေးလေ
Gulf>>>>ဗျာ Phiကသိပါ့မလား

Mew>>>အမ်
55555
Mewအော်ရယ်မိသည်
ဘယ်လိုကလေးလဲကွာ
အင်းမေးကြည့်လေ
အဲ့ဒါနဲ့ gulfလေးမေးတယ်Mewဖြေပေးတယ်ပေါ့နော်😁

Gulf>>>ကျေးဇူးပါ Phi🙏

Mew>>>ရပါတယ်
နောင်မသိတာရှိPhiကိုပဲမေးမယ်နော်

#တစ်ဦးတည်းပိုင်နှလုံးသား🧡 Opowieści tętniące życiem. Odkryj je teraz