#တစ်ဦးတည်းပိုင်နှလုံးသား🧡Zawgyi31

354 11 0
                                    

#တစ်ဦးတည်းပိုင်နှလုံးသား🧡
အပိုင်း(၃၁)

ချစ်ရသူရဲ့မျက်နှာကိုငေးကြည့်ရရင်း
နိုးထလာသောမနက်ခင်းလေးက
Mewအတွက် ကျေနပ်မှု အတိ

ဖြူစင်သောမျက်နှာလေးနှင့်
ပကတိအိပ်မောကျနေသည့်
Nongက သူ့အတွက်
သူကျေနပ်စေရန်
သူ့ရဲ့ချစ်ခြင်းတွေကို
ကြည်ကြည်ဖြူဖြူလက်ခံပေးခဲ့သည်

Nongရဲ့ဆံပင်လေးတွေကိုသပ်ရင်း
နဖူးလေးကိုနမ်းရင်း
နားရွက်လေးကိုကိုင်ရင်း
စိတ်အစုံက
ခုန်သတဲ့ခုန်ကာ
ချစ်မြတ်နိုးစိတ်တွေထပ်တိုးလာရသည်
ဒီလူသားလေးဟာသူ့အပိုင်ဖြစ်သွားရင်
သူ့စိတ်အေးရမယ်ထင်ထားသော်လည်း
ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးရမှာပိုကြောက်လာမိတယ်
ဘာလို့ချစ်သထက်ချစ်စရာကောင်းရတာလဲ
Nongရေ ရင်ခွင်ထဲမှာဖွက်ထားပြီး
အပိုင်သိမ်းထားချင်တော့တယ်ကွာ
တွေးရင်းMew
အိပ်မောကျနေသောNongကိုယ်လေးကို
ပွေ့ဆွဲကာသူ့ရင်ခွင်ထဲထည့်ထားမိသည်

အိပ်ပုတ်လေးကမနိုးရှာသေး
ညကနောက်ကျသည့်အထိအချစ်အတွက်
ပေးဆပ်ခဲ့သည်မဟုတ်လား

အင်း
မျက်နှာလေးကိုရှုံကာ
ပျင်းကြောဆန့်ရင်း
နိုးလာသည်
Nongကသူဖက်ထားလို့မလွတ်မလပ်လေး
ဖြစ်နေသည်

Gulf>>>Phiဘာလို့အတင်းကြီးဖက်ထားတာလဲ

Mew>>>ကိုယ်ပိုင်ဆိုင်ရတဲ့အရာလေး
ပျောက်သွားမှာကြောက်လို့ပေါ့

Gulf>>>ဟင်းဖြစ်လာပြီ

Mew>>>ညကကိုယ့်အချစ်တွေကိုကျေနပ်နဲ့လား
ကိုယ့်အချစ်လေး ထပ်ချစ်ပေးရအုံးမလား

Gulf>>>အား ဒီလူကြီးဘာတွေပြောနေတာလဲ
တော်တော့ပြန်ပြောမနေနဲ့တော့

Mewရယ်လိုက်ရင်း
Mew>>>အင်းပါအချစ်လေးရဲ့
ထတော့ရေချိုးတော့နော်
ပြောရင်းနမ်းမဝသောနှုတ်ခမ်းလေးအားဖိကပ်
နမ်းရှိုက်လိုက်သည်

Gulfတစ်ယောက်ညကကိစ္စကို
ဘာပဲပြောပြောရှက်နေမိသေးတာကြောင့်
မျက်နှာလေးရဲကာရှက်ရမ်းရမ်းပြီး
Phiကိုခေါင်းအုံးနဲ့ရိုက်လိုက်မိသည်

Gulf>>>Phiဘာသာအရင်သွားချိုး
ကျွန်တော်ပြန်အိပ်အုံးမှာ

Mew>>>ရတယ်လေ
ဒီအိမ်မှာတစ်နေ့လုံးနေကျတာပေါ့
အင်း မနက်ဖြန်မှ ဒီကနေcompanyသွားလို့ရတာပဲ
အင်းခုညလဲ ~~~

#တစ်ဦးတည်းပိုင်နှလုံးသား🧡 Nơi câu chuyện tồn tại. Hãy khám phá bây giờ